အောင်မြတ်သာနှင့် ငယ်ပေါင်းကိုးဖော်

ဇယေန(ရာမည)

200 Kyats ကျပ်
အောင်မြတ်သာတို့ ဆရာတပည့်ရဲ့ ပညာပြိုင်ခန်းတွေကတော့ တဖြည်းဖြည်း ဇာတ်ရှိန် ပိုပိုမြင့်တက်လာပါပြီ။ ယခင်တစ်ပတ်က အောင်မြတ်သာတစ်ယောက် ဝမ်းတွင်းစုန်းကို အနိုင်ယူပြီးခဲ့တဲ့နောက် ဒီတစ်ခေါက်မှာ ဘယ်လို စွန့်စားခန်း၊ ပညာခန်းတွေကို ထပ်မြင်ရလေမလဲလို့ မျှော်နေကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အောင်မြတ်သာတို့ ဆရာတပည့်နဲ့ ငယ်ပေါင်းကိုးဖော်တို့ ဆုံတွေ့ခန်း ဖြစ်ပါတယ်။ ငယ်ပေါင်းကိုးဖော်ဆိုတာ ဘာလဲ၊ ဘယ်လိုလူတွေလဲ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးတွေလဲလို့ သိချင်နေကြပြီ မဟုတ်လား။ အသက်အရွယ်တူ၊ အရပ်အမောင်းတူ၊ အချင်းချင်းရင်းနှီးတဲ့ (၁၀) နှစ်အရွယ် ကလေး (၉) ယောက်၊ မြို့ရိုးဆောက်တဲ့ အစီအမံအဖြစ် စတေးခံခဲ့ရတဲ့ ငယ်ပေါင်းကိုးဖော်။ ဒီငယ်ပေါင်းကိုးဖော်နဲ့ အောင်မြတ်သာတို့ ရင်ဆိုင်တွေ့ကြတဲ့အခါ ဘယ်လို စိတ်ဝင်စားစရာ အားပြိုင်မှုတွေ ကြုံဆုံရမလဲဆိုတာတော့ ဆက်လက်ဖတ်ရှုကြည့်မှပဲ သိနိုင်မယ်နော်။