လျှို့ဝှက်သည်းဖို မှုခင်းဝတ္ထုများ ရမ္မက်ရိုင်းရိုင်း ရေလှိုင်းပြာပြာ

ဆွေမြင့်

600 Kyats ကျပ်
သူ့နာမည်က ဇော်ထက်။ အသက် ဆယ့်ငါးနှစ်ကတည်းက ကြေးစားလက်ဝှေ့သမားအဖြစ် အသက်မွေးခဲ့သူ။ လက်ဝှေ့ကြိုးဝိုင်းထဲမှာ အနှစ်နှစ်ဆယ်ကျော် ထိုးသတ်လာခဲ့ပြီး ပရိသတ်အားပေးမှု မရှိတော့တာကြောင့် ကြိုးဝိုင်းကို စွန့်ခွာလာခဲ့တဲ့နေ့မှာ မထင်မှတ်ဘဲ သားရေအိတ်တစ်လုံး ကောက်ရခဲ့ပါတယ်။ ငွေ ဆိုတာ ရိုးသားတဲ့စိတ်ကို အရောင်ပြောင်းစေနိုင်တယ်၊ မိတ်ဆွေအချင်းချင်းကနေ ရန်သူတွေ ဖြစ်သွားစေနိုင်တယ်၊ မကောင်းမှုဟာ ပြုသူထံ အရိပ်လိုလိုက်ပါတတ်တယ်၊ စာအုပ်စာပေတွေဟာ လူသားတွေရဲ့ အသိဥာဏ်ကို ပွင့်လင်းစေတယ်ဆိုတဲ့ သင်ခန်းစာတွေ ရစေမယ့်စာအုပ်။ ဇာတ်လမ်းအစကနေ အဆုံးထိ လျှို့ဝှက်သည်းဖို ရသကို အပြည့်အဝ ရစေမယ့် စာအုပ်လေးမို့ စာချစ်သူတို့ ရင်တလှပ်လှပ်နဲ့ ခံစားကြည့်ကြပါဦးနော်။