လျှို့ဝှက်သောသိုလ်

ဆောင်းနေခြည်

600 Kyats ကျပ်
ဒီတစ်ခါ ဖတ်ကြရမှာကတော့ လျှို့ဝှက်သည်းဖို စိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ စာအုပ်ခေါင်းစဉ်က ‘လျှို့ဝှက်သော သိုလ်’ တဲ့။ ဘာအဓိပ္ပာယ်များလဲလို့ တွေးနေမိကြမယ် ထင်ပါတယ်။ တကယ်တော့ သိုလ် ဆိုတာ လူတစ်ယောက်ရဲ့ နာမည်။ ဒီလူက ဘယ်လို လူမျိုးလဲ။ သိုလ် ဆိုတဲ့ နာမည်နဲ့လိုက်အောင် သိုသိပ်လျှို့ဝှက်တတ်တဲ့ လူစားမျိုး။ ဒါ့အပြင် သိုလ့်ဆီမှာ နားလည်ရခက်ပြီး ရှုပ်ထွေးတဲ့ အတိတ်ဇာတ်ကြောင်းနဲ့ နောက်ကြောင်းခံပုံရိပ်တွေကလည်း ရှိနေပြန်ပါတယ်။ ငွေနှင်းစက်ဆိုတဲ့ မိန်းမလှလေးတစ်ယောက် အသတ်ခံရပြီး မကြာခင်မှာပဲ ဒါလီနွယ်ဆိုတဲ့ အသက် (၂၂) နှစ်အရွယ် ဂီတကျောင်းသူလေးတစ်ဦး ထပ်အသတ်ခံရပြန်တယ်။ ပိုထူးခြားတာက မိန်းကလေးနှစ်ယောက် အသတ်ခံရပုံချင်းက အတူတူပဲ။ နှလုံးရှိရာ ရင်ဝကို ချွန်ထက်တဲ့ အရာတစ်ခုနဲ့ ထိုးသွင်းသတ်ဖြတ်ပြီး မျက်နှာကို ဓားနဲ့ တရိရိမွှန်းထားတဲ့ လူသတ်မှုတွေက ထိတ်လန့်စရာ ဖြစ်နေခဲ့ပါတယ်။ ဒီလူသတ်မှုတွေရဲ့ တရားခံက ဘယ်လို အငြိုးအတေး၊ ဘယ်လို မကျေနပ်မှု၊ ဘယ်လို စိတ်ခံစားမှုတွေနဲ့ အမှုတွေ ကျူးလွန်နေတာလဲ ဆိုတာကိုတော့ …