မှော်ဝင် သီချင်း

ဆောင်းလုလင်

500 Kyats ကျပ်
ဝေသီထွန်းဆိုတဲ့ ကောင်မလေးက မန္တလေးကိုအသွား လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်တယ်။ ဒါပေမယ့် သူ့ကို ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ဘူး။ ထူးဆန်းတာက သူသတိရလာတဲ့အချိန် သူ့ကိုယ်သူ အမာဇင်လို့ပြောတယ်။ ဝေသီထွန်းမဟုတ်ဘူးတဲ့။ ပိုဆိုးတာက အမာဇင်ရဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ် တွေကအစ ပြောပြနိုင်နေတယ်။ တော်တော်ထူးဆန်းတယ်နော်။ ပြီးတော့ သူအိပ်နေချိန် သူ့အခန်းထဲကို ဝင်လာတဲ့ အဖွားကြီးတစ်ယောက်ကဘယ်သူလဲ? အမာဇင် သူ့အိမ်ဖုန်းကို ဆက်တော့ တစ်ဖက်က သရဲခြောက်တယ်လို့ အော်ဟစ်ပြီး ဘာဖြစ်လို့ဖုန်းချသွားတာလဲ? ဒီလိုစိတ်ဝင်စားစရာတွေနဲ့ ဒီဝတ္ထုက တော်တော်ဖတ်လို့ကောင်းပါတယ်။