သရဲခြောက်တမ်း ကစားသူများ

ဆောင်းလုလင်

500 Kyats ကျပ်
သရဲခြောက်တမ်း ကစားသူများဆိုလို့ လူငယ်တွေ အချင်းချင်း လောင်းကြေးထပ် စိန်ခေါ်ကြတာလားလို့ မထင်လိုက်နဲ့။ တကယ့် ဇာတ်လမ်းထဲက အဓိကဇာတ်ကောင်မျောက်လောင်းတွေက ကျောင်းသားအရွယ် ကလေးတွေ။ ဇော်ဇော်၊ ပုချို နဲ့ သီတာ ဆိုတဲ့ သူတို့ သုံးယောက်ဟာ ရပ်ကွက်တစ်ခုလုံးကို ဖိန့်ဖိန့်တုန်အောင် လုပ်နိုင်တဲ့ ကလေးသုံးယောက်ပဲ။ တစ်ယောက်နဲ့ တစ်ယောက်လည်း ခင်ကြတယ်။ ဘာလုပ်လုပ် အတွဲလည်း ညီကြတယ်။ ရပ်ကွက်ထဲက လူတွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ စနောက်ပြီး သူတို့အတွက် ပျော်စရာတွေ ဖန်တီးကြတယ်။ တစ်ခါတစ်ရံ သူတို့ ဖန်တီးလိုက်တဲ့ လုပ်ကြံဇာတ်တွေက တစ်ဖက်လူကို ထိခိုက် နစ်နာစေတာမျိုးတွေ ဖြစ်လေ့ရှိတယ်။ သူတို့ကတော့ မမှုဘူး။ ဆက်မွှေနှောက်ဖို့ပဲ ကြံစည်အားထုတ်ကြတုန်း။ အဲ့ဒီ ကလေးတွေက ဆယ်နှစ်ပြည့် စွန်းစွန်း ငါးတန်းတက်တော့မယ့် ကလေးတွေပါပဲ။ ဒီလို ပျော်စရာရှာရင်း ပရလောကနဲ့ ဆက်သွယ်မိတဲ့အခါမှာတော့ ဒီကလေးတွေရဲ့ ပျော်စရာတွေက ဘယ်အရာအဖြစ် ပြောင်းလဲသွားလေမလဲ။