နှလုံးသားစေညွှန်ရာအတိုင်းချစ်ခဲ့သည်

ဆောင်းညချမ်းခြွေ

500 Kyats ကျပ်
ဆောင်းအိပ်မက်က သူငယ်ချင်းဖြစ်သူ ကျူးခင်ခင်ရှိတဲ့ ပန်းမြိုင်စံအိမ်ကို အလည်သွားတယ်။ စံအိမ်မှာ အစ်ကိုကြီးမာန်မင်းခအပါအဝင် တချို့ကချိုသာပေမဲ့ ကတ္တီပါဆောင်းဆိုတဲ့ မာန်မင်းခ ညီမလေးက ချိုသာမှုမရှိဘူး။ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက မာန်မင်းခမှာ ထားသက်မှူးဆိုတဲ့ စေ့စပ်ထားတဲ့လူရှိတယ်။ အဲဒီမိန်းကလေးက စံအိမ်ရောက်ပြီး သုံးရက်အကြာမှာ အသတ်ခံလိုက်ရတယ်။ ဘယ်သူသတ်မှန်းမသိဘူး။ ထားသက်မှူးရဲ့ မောင်ဖြစ်သူ သွေးညီနောင်ကတော့ မာန်မင်းခသတ်တယ်ပဲထင်တာ။ နောက်တော့ ထားသက်မှူးအသတ်ခံရတာကို အိပ်မက်နဲ့ သွေးညီနောင် ပေါင်းပြီးစုံစမ်းတော့တာပါပဲ။ စုံစမ်းမှုကြောင့်လည်း အိပ်မက် အသက်အန္တရာယ်တောင် ဖြစ်ခဲ့သေးတယ်။ ဒီလိုပြဿနာတွေကြားထဲကနေ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဘယ်လိုပေါက်ဖွားလာမလဲဆိုတာတော့ လုံးဝကို စိတ်ဝင်စားစရာပါပဲ။