မောင်ပြန်လာမှ သာဓုခေါ်ပါ

စေတန်(နတ်ဆိုး)

200 Kyats ကျပ်
>> အချစ်ဆိုတာမျိုးက အရမ်းစိတ်နှစ်မိသွားရင် နှလုံးသားရော၊ ဦးနှောက်တစ်ခုလုံးကိုပါ ဒုက္ခပေးတတ်ပါတယ်။ ခင်မွန်ဟာ ဆက်ပိုင်ထွေးကို သေမလောက်ချစ်ခဲ့တယ်။ ဆက်ပိုင်ထွေး ရွာကနေထွက်ပြီး နိုင်ငံခြား ထွက်သွားတဲ့အခါ ချစ်သူနဲ့ခွဲခွာရလို့ စိတ်ဆင်းရဲကိုယ်ဆင်းရဲ။ နောက်ဆုံးတော့ ဆက်ပိုင်ထွေးက နိုင်ငံရပ်ခြားမှာ အိမ်ထောင်ကျသွားပြီဆိုတာ သိသွားတဲ့အခါ ... သေမလောက်ချစ်တယ် ဆိုတဲ့အတိုင်းပဲ ခင်မွန်ဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ အဲဒီနောက် ဘာတွေဖြစ်လာသလဲဆိုတော့ ... အရမ်းဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မို့ စိတ်မခိုင်ရင်တော့ မျက်ရည်ကျမိပါလိမ့်မယ်။