တောသူအချစ်

ငွေ့ရည်ဖွဲ့(ခွင့်ထူးပန်)

600 Kyats ကျပ်
ခါးတမာ က မိဘတွေမရှိတော့လို့ တောကနေ အဒေါ်အလုပ်လုပ်နေတဲ့ ရန်ကုန်က အိမ်ကြီးဆီကို လိုက်လာခဲ့တယ်။ အဲဒီအိမ်မှာ သူတွေ့လိုက်ရတဲ့ လူက ရှိုင်းမာန်။ ရှိုင်း က အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်၊ ရှိုင်းရဲ့ မိခင်က ရှိုင်းကို တမာနဲ့ မရင်းနှီးစေချင်သလို နှင်းဆီမေ ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ သဘောတူထားတယ်။ ဘယ်သူမှ မသိလိုက်တာက ရှိုင်းဟာ တမာကို မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုတာပါပဲ။ ဒါပေမဲ့ တစ်ဖက်မှာလည်း နှင်းဆီမေက ရှိုင်းကို သဘောကျနေပြီး 'တစ်နေ့ရှင်ဟာ ကျွန်မရဲ့ယောက်ျား ဖြစ်လာစေရမယ်' လို့ ဆုံးဖြတ်ထားပြန်တယ်။ အဲဒီမှာ တမာကို မတော်တဆတွေ့ပြီး စိတ်ဝင်စားမိသွားသူက ထက်အာဏာ။ သူက နှင်းဆီမေရဲ့ အစ်ကို။ ဒီတော့ တမာကို ချစ်နေတဲ့ ရှိုင်း၊ ရှိုင်းကို အပိုင်ယူဖို့ကြိုးစားမယ့် နှင်းဆီမေ၊ တမာ့ကို စိတ်ဝင်စားမိသွားတဲ့ ထက်အာဏာတို့ကြားထဲမှာ ဘယ်လိုပြဿနာတွေ ဖြစ်လာမလဲ? ဘယ်လိုရင်ထိတ်စရာတွေ၊ ရင်ခုန်စရာတွေ၊ ဒေါသထွက်စရာတွေကို ခံစားရမလဲ? ဆိုတာ… အခုပဲ ဝတ္ထုထဲမှာ ရှာဖွေကြည့်လိုက်ကြရအောင်...။