ထိုပန်းကလေး မညှိုးစေချင်

ငွေ့ရည်ဖွဲ့ (ခွင့်ထူးပန်)

500 Kyats ကျပ်
ပန်းအိမ် ရဲ့ ဘဝက တော်တော်ကို ဆိုးပါတယ်။ မိဘတွေရှိတုန်းက သူဘဝဟာ သာယာခဲ့ပေမဲ့ မိဘတွေ ဆုံးပြီးနောက်ပိုင်း အစ်ကိုအရင်းဖြစ်သူနဲ့ ယောင်းမက သူ့ကို အိမ်ဖော်တစ်ယောက်လို ဆက်ဆံတယ်။ နှိပ်စက်တယ်၊ ဖိနှိပ်တယ်။ ဒီလိုဆိုးရွားနေတဲ့ သူဘဝကို အမှတ်မထင် သတိပြုမိသွားသူက လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ သောအတ္တရ။ သောက ပန်းအိမ်ကို မြင်မြင်ချင်း စိတ်ဝင်စားမိတာကြောင့် ပန်းအိမ်ရဲ့ အကြောင်းကို အစ/အဆုံး စုံစမ်းတယ်။ အဲဒီနောက် ပန်းအိမ်ရဲ့ ကြမ်းတမ်းတဲ့ဘဝ၊ အစ်ကို ဖြစ်သူက အမွေမခွဲပေးချင်တာကြောင့် ပန်းအိမ်ကို မင်းပိုင်စိုးဆိုသူ မကောင်းတဲ့လူတစ်ယောက်နဲ့ အတင်းလက်ထပ်ပေးဖို့ ကြိုးစားနေတဲ့ အကြောင်းတွေကို သိသွားပြီးတဲ့နောက်မှာတော့ ဒီဇာတ်လမ်းက လုံးဝကို ဇာတ်ရှိန်တက်သွားတော့တာပါပဲ။ ဖတ်ရှုခံစားကြည့်ကြပါဦး။