ဦးချစ်တဲ့ ကလေးဆိုးလေး

ငွေ့ရည်ဖွဲ့

အခမဲ့
သျှားသက်ခင်တို့မိသားစုက သိပ်ချမ်းသာတယ်။ မိဘမရှိတော့ပေမဲ့ ဦးလေးဖြစ်သူက စောင့်ရှောက်ထားတယ်။ ဦးလေးရဲ့မိန်းမက သျှားရဲ့အမွေတွေကို မက်နေတာ။ ဒီနေရာမှာ၊ သျှားကို မြင်မြင်ချင်းကြွေမိသူက နေမခ။ သူက သျှားနဲ့ တက္ကသိုလ်အတူတူပဲ။ နေမခတို့ မိသားစုကလည်း တော်တော်ကို ချမ်းသာတယ်။ မိန်းမတိုင်းကို မကြွေတတ်တဲ့ နေမခဟာ သျှားကိုမြင်မှ သူ့နှလုံးသားတစ်ခုလုံး ကြွေဆင်းသွားခဲ့ရတာ။ "မင်းအိမ်ကို အလုပ်ကိစ္စ အကြောင်းပြပြီး လာမှဖြစ်တော့မယ် ကလေးရယ် ... ဒီကြားတဲ့ မင်းလေးဆီက ဆက်သွယ်လာမယ့် အချိန်ကိုလည်း မျှော်လင့်တကြီး စောင့်နေရဦးမယ်၊ ချစ်တယ် ... အသည်းထဲက စွဲစွဲမြဲမြဲချစ်တယ် ကလေးရယ် " အဲဒီမှာ ဇာတ်ရှိန်ပိုတက်တာက နေမခရဲ့ဦးလေးဖြစ်သူ မာန်ကလည်း သျှားကို မြင်မြင်ချင်းကြွေသွားလေရဲ့