အမုန်းနိယာမကြားမှ ချစ်လိပ်ပြာ

ငွေ့ရည်ဖွဲ့

600 Kyats ကျပ်
နမ်းရှိုက်ခွင့် က အရုပ်မလေးလို ချစ်ဖို့ကောင်းတယ်။ ဦးနေမဝင်နဲ့ လွှမ်းဇာနည် ကတော့ အနမ်းလေးရဲ့ အိမ်နီးချင်းတွေပေါ့။ နေမဝင်က အနမ်းလေးကို စတွေ့တုန်းက သိပ်ကြည့်မရဘူး။ သူ့ချစ်သူ မေအလွမ်း လောက်တောင် မလှဘူးလို့ သတ်မှတ်ထားတာ။ ဒါပေမဲ့ သူ့ရင်ထဲမှာ ခံစားချက်တစ်မျိုးကတော့ ခံစားနေခဲ့ရပါတယ်။ လွှမ်းဇာနည်ကတော့ အနမ်းလေးကို စမြင်ကတည်းက ချစ်မိတာ။ ပေါ်တင်ဖွင့်မပြောပေမဲ့ တော်တော်ခင်တဲ့ သူငယ်ချင်းအဆင့်တော့ ရောက်နေပြီ။ တစ်ဖက်မှာလည်း နေမဝင်ရဲ့အမေက မေအလွမ်းကို စိတ်မဝင်စားဘဲ အနမ်းလေးကို ချွေးမတော်ချင်နေသလို၊ အနမ်းလေးကလည်း နေမဝင်ကို ရင်ခုန်မိနေတဲ့အခါ… ဇာတ်လမ်းကတော့ မိုက်ပြီပေါ့