မပြယ်သော ရန်ငြိုး

ငွေ့ရည်ဖွဲ့

600 Kyats ကျပ်
တမန်တော်က မိုးသားပုဝါ ကို အရမ်းမုန်းတာ။ ဘာဖြစ်လို့လဲဆိုတော့ မိုးသားပုဝါ က တမန်နဲ့ သူ့ညီမလေး နှင်းဆုလာဘ် ကို ကျွန်လိုဆက်ဆံပြီး အချိန်ပြည့်နှိပ်စက်နေလို့ပါပဲ။ နောက်တော့ တမန်က မိုးသားပုဝါရဲ့ အဖိုးကို သစ္စာဖောက်ပြီး ဒုစရိုက်လောကမှာ ဘုရင်တစ်ဆူဖြစ်လာအောင် ကြိုးစားခဲ့တယ်။ အတိတ်မှာ သူတို့မောင်နှမကို နှိပ်စက်ခဲ့တဲ့ မိုးသားပုဝါကို ရန်ငြိုးတွေနဲ့ လက်စားချေဖို့ စီစဉ်တယ်။ သူမသိတာက အဲဒီအချိန်မှာ မိုးသားပုဝါရဲ့ စိတ်ထားက ပြောင်းလဲလာပြီး နှင်းဆုလာဘ်နဲ့ ညီအစ်မအရင်းလို ချစ်ခင်နေခဲ့ပြီဆိုတာပါပဲ။ ဒါပေမဲ့လည်း တမန်ရဲ့ ရန်ငြိုးကကြီးတော့ မိုးသားပုဝါကို နည်းပေါင်းစုံနဲ့ နှိပ်စက်ပြီး ကျွန် လိုဆက်ဆံခဲ့တယ်။ နောက်ပြီး ရေမြေခြား ဆိုတဲ့ နှင်းဆုလာဘ် ကို သဘောကျတဲ့ လူတစ်ယောက်ရှိပါသေးတယ်။ ဒီလိုစိတ်ဝင်စားစရာတွေအပြင် ရန်ငြိုးတွေ၊ အမုန်းတရားတွေ၊ အာဃာတတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဝတ္ထုက တကယ်ကို ခံစားလို့ကောင်းပါတယ်။