ကျိန်စာသင့် သတို့သမီး

ငွေ့ရည်ဖွဲ့

600 Kyats ကျပ်
ပန်းဝတ်မှုံကို အဒေါ်ဖြစ်သူက အရမ်းချစ်တာ။ ပိုးမွေးသလို မွေးထားတာ။ သူ့ဘဝက လိုလေသေးမရှိဆိုပေမဲ့၊ တကယ်တော့ သူက ကျိန်စာမိနေတဲ့ ကောင်မလေးပဲ။ သူနဲ့ချစ်သူဖြစ်ပြီး လက်ထပ်တဲ့ လူတိုင်းက သေဖို့ကံကြမ္မာ ဖြစ်လာရတယ်တဲ့ ! တစ်ရက်တော့ သူ့ မင်္ဂလာဆောင်မှာ ယောက်ျားလေးဖြစ်သူ ဆုံးသွားလို့ သူစိတ်ထိခိုက်ပြီး မေ့လဲသွားတယ်။ အဲဒီမှာ မိုးခိုက်ဦးဆိုတဲ့ သူ့ကိုလာကုပေးတဲ့ ဆရာဝန်လေးက ပန်းကို မတော်တဆ ချစ်မိသွားပါတယ်။ အဲဒီညမှာပဲ သူတို့နှစ်ယောက်စလုံးဟာ ကျိန်စာဖြည်လို့ရတဲ့ အိပ်မက်တစ်ခုကို မက်တယ်။ ကျိန်စာဖြည်ဖို့ အဓိကသော့ချက်က အချစ်စစ်ပါတဲ့ ❤️ ဒါပေမဲ့ ယောက်ျားလေးဘက်က အရမ်းကြီးမားတဲ့ အန္တရာယ်တွေကို ကြုံတွေ့ရမယ်လို့ ဆိုတယ်။ ပန်းက ကျိန်စာသင့်နေတယ်ဆိုတာ တကယ်ပဲလား ? သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းကရော ? သေချာတာကတော့ မထင်မှတ်ထားတဲ့ ဇာတ်လမ်း အလှည့်အပြောင်းတစ်ခုက စာဖတ်နေရင်း ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တယ်ဆိုတာပါပဲ။ ဖတ်ကြည့်ပါဦးနော် ...