ကလေးတို့အတွက် ထူးဆန်းကြီးကျယ်တဲ့ အမေးအဖြေများ

ခေးလု

600 Kyats ကျပ်
ကလေးတွေဆိုတာ စူစမ်းတတ်တယ်၊ စပ်စုတတ်တယ်၊ သိချင်လိုစိတ်များကြတယ်။ ဒီတော့ အုပ်ထိန်းသူတွေကိုပဲဖြစ်ဖြစ်၊ မိဘတွေကိုပဲဖြစ်ဖြစ် သိချင်တာကို မေးတတ်သလို မေးကြတယ်။ တစ်ခါတလေ ကလေးတွေ သိမ်မွေ့တဲ့ မေးခွန်းတွေမေးလာတိုင်း မိဘတိုင်းက ဖြေဖို့အကြပ်ရိုက်တတ်ကြတယ်။ မေးခွန်းတွေကို အမှန်အတိုင်းဖြေဖို့ လိုပေမဲ့ ကလေးတွေရဲ့ တွေးခေါ်နိုင်မှုနဲ့ လက်ခံနိုင်စွမ်း ပမာဏကိုလည်း ချင့်ချိန်ရသေးတယ်မဟုတ်လား။ ဒီစာအုပ်က ကလေးတွေ ဘယ်လိုမေးလာရင် ဘယ်လိုဖြေဆိုပြီး လမ်းညွှန်တာထက် ကလေးငယ်ရဲ့နားလည်သဘောပေါက်မှုရေချိန်ကို မြှင့်တင်နိုင်ပြီး မေးခွန်းတွေဖြေတဲ့အခါ အခြေခံဘောင်တစ်ခုချမှတ်ထားဖို့ကို လမ်းညွှန်ပေးထားပါတယ်။ ဖေဖေမေမေတို့နဲ့ အုပ်ထိန်းသူတွေ ကလေးတို့ရဲ့ မေးခွန်းတွေကြောင့် အကြပ်မရိုက်ရအောင် ဒီစာအုပ်ကို ဖတ်ထားသင့်ပါတယ်ဗျ။