မိမိကိုယ်ကို မိမိ သိကြည့်ခြင်း

ခေးလု(မြန်မာပြန်)

600 Kyats ကျပ်
‘သင် စိတ်လက်ပင်ပန်းပြီး ဘဝမှာ မအီမသာ ဖြစ်နေတဲ့ အခါမျိုး ဒီစာအုပ်လေး ဖတ်ကြည့်ပြီး အကူအညီ ယူကြည့်ပါ’ တဲ့။ Hugh Prather’s ရဲ့ Notes to Myself စာအုပ်ကို မြန်မာဘာသာ ပြန်ဆိုရေးသားထားတဲ့ စိတ်ခွန်အားဖြည့် စာပေအမျိုးအစား စာအုပ်လေးပါ။ ဒီစာအုပ်ရဲ့ မူရင်းစာရေးဆရာ Hugh Prather’s ဟာ မထင်မရှား စာရေးဆရာတစ်ဦးအဖြစ်နဲ့ စာတွေရေးနေရင်းကနေ သူ့ရဲ့ တစ်ကိုယ်ရည်ဒိုင်ယာရီကနေ ကောက်နုတ်ပြီး စာအုပ်တစ်အုပ်ဖြစ်အောင် ရေးမယ်လို့ ဆုံးဖြတ်ပြီး ရေးသားခဲ့ပါတယ်။ ပြီးတဲ့အခါ မထင်မရှား စာပေတိုက်တစ်တိုက်က သူရေးထားတဲ့ ဒီစာအုပ်ကို ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ကြော်ငြာအား မသုံး၊ အရောင်းမြှင့်တင်ရေး အင်အားတွေ မသုံးဘဲ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကျော်ကြားပြီး စောင်ရေ ငါးသန်းကျော် ရောင်းချခဲ့ရတဲ့ စာအုပ်။ အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ် ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ဘယ်လို စိတ်ခွန်အား ပြည့်ဝစေမယ့် အကြောင်းအရာတွေ ပါဝင်မလဲ။ ဘာကြောင့် ဒီလောက်အထိ ရောင်းအားကောင်း စာရင်းဝင်စာအုပ် ဖြစ်ခဲ့ရတာလဲ။ မိမိကိုယ်ကို မိမိသိရှိဖို့ ဘာတွေ လိုအပ်မလဲ။ ဒီစာအုပ်မှာ ဖတ်ကြည့်ပါ မိတ်ဆွေ။လ