မြစ်နှစ်စင်း၏ ချစ်ခြင်းပင်လယ်

ခေတ်သွေး

500 Kyats ကျပ်
...“ခေတ်ကညှာ” ဆိုတဲ့ ဆေးကျောင်းသူ မိန်းမချောလေးကတော့ တွေးကြည့်ရင် သိပ်သနားဖို့ ကောင်းသည်။ သူမနှင့် ငယ်သူငယ်ချင်း ဖြစ်သည့် လူရှုပ်လူပွေလေး “သုခ”ကိုမှ အရူးအမူး ချစ်မိပါသတဲ့လေ။ မူကြိုကစလို့ ဆယ်တန်း အောင်တဲ့အထိ သူမတို့နှစ်ယောက်က တတွဲတွဲ။ ဆယ်တန်းအောင်တော့ သူမက ဆေးတက္ကသိုလ် တက်ဖြစ်သည်။ သုခကတော့ မိန်းထဲမှာပဲ ဒေးလ်တက်ဖြစ်သည်။ ယခုဆို သူမပင် Third MB သို့ ရောက်ရှိခဲ့လေပြီ။ နှစ်ဖက် မိဘချင်းကလည်း အရမ်း ရင်းနှီးကြလေတော့ ကလေးချင်းကို နေရာချထားပေးဖို့ အစီအစဉ် ရှိကြပြီးသားလည်း ဖြစ်သည်။ ဒီအစီအစဉ်ကို သူမက လက်ခံထားသည်။ သူမကလည်း သုခကို သံယောဇဉ်ပေါင်း မြောက်မြားစွာနှင့် ကျိတ်ချစ်မိနေခဲ့သည်။ သုခကတော့ မိဘတွေကို မလွန်ဆန်နိုင်၍သာ ခေါင်းညိတ် ထားရခြင်းဖြစ်သည်။ သူမကလည်း သုခအကြောင်း ကကြီးကနေ အအထိ အကုန် သိသည်။ ဒါတွေကို သူမက ချစ်စိတ်နှင့် ခွင့်လွှတ် နားလည် ပေးထားသည်။ နောက်ပြီး သုခက ဘယ်မိန်းကလေးကိုမှ တည်တည်တံ့တံ့ မချစ်မှန်း သိ၍ သူမ လွှတ်ထားလိုက်ခြင်း ဖြစ်သည်။ သုခ ကျောင်းပြီးလျှင်တော့ အားလုံးကို ဖြတ်ကာ သူမကို လက်ထပ်ဖို့ နှစ်ဦး သဘောတူညီမှု ယူထားပြီးသာ ဖြစ်သည်။ အခုတော့ သုခတစ်ယောက် လွတ်လွတ်လပ်လပ်နှင့် ပျော်ပါစေပေါ့....။ လောကမှာ ဒီလို မိန်းကလေးမျိုး... ဒီလိုအချစ်မျိုး ရှားမယ် ထင်သည်။ ဘာပဲဖြစ်ဖြစ် သူကမတော့ သုခကို ပိုင်ဆိုင်ခွင့်ရရင်ပဲ ကျေနပ်လှပြီ မဟုတ်ပါလား။