နတ်ဝှက်သွားတဲ့အိပ်မက်

ခေတ်သွေး

400 Kyats ကျပ်
ဒီဝတ္ထုကတော့ ရသခံစားမှု အသစ်အဆန်းကို လိုချင်သူများအတွက် ကွက်တိပါပဲ။ အိပ်မက်ဆန်ဆန်နဲ့ ကိုယ်ပါ စီးမျောပြီး စိတ်ကူးယဉ်လို့ သိပ်ကောင်းတဲ့ ဇာတ်လမ်းကို ဖတ်ရပါလိမ့်မယ်။ ပထမ အယ်လ်ဘမ်လေး တချပ် ထုတ်ပြီး အချိန်တိုတိုလေး အတွင်းမှာ နာမည်ကြီး၊ အောင်မြင်မှုရ၊ တဖြည်းဖြည်းနဲ့ တနိုင်ငံလုံးက အပျိုချောမဒီလေးတွေရဲ့ ပါးစပ်ဖျားမှာ ချိတ်ဆွဲနေတဲ့ အဆိုတော် သွေးသား။ သူဟာ အဆိုတော်တင်ပဲလား ဆိုတော့၊ မဟုတ်သေးဘူး။ တေးရေးဆရာလည်း ဖြစ်တယ်။ ဒါတင် မကသေးဘူး။ မြန်မာ မဂ္ဂဇင်း အတော်များများမှာလည်း လက်ညှိုးထိုးမလွဲတဲ့ မျက်နှာဖုံးကဗျာတွေရဲ့ ပိုင်ရှင် စာရေးဆရာ၊ ကဗျာဆရာ လည်း ဖြစ်သေးတယ်။ သူ့ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ ပံ့ပိုးအားပေးမှုနဲ့ ‘မသမီးချော’ ဆိုသူ ရှိတယ်။ နတ်ဝှက်သွားတဲ့ အိပ်မက် ဆိုတာ ဘယ်သူ့ရဲ့ အိပ်မက် ဖြစ်မလဲ ?