တံခါးလေး ဖွင့်ထားတယ်

ခေတ်ပျိုဖြူ

600 Kyats ကျပ်
ချစ်ခြင်းမေတ္တာရဲ့ လမ်းခရီးမှာ ဂုဏ်ပကာသနနဲ့ စည်းစိမ်ချမ်းသာတို့ဟာ တံတိုင်းတစ်ခုလို ကာဆီးတတ်တဲ့ အကြောင်း ခေတ်သမိုင်းအဆက်ဆက် ချစ်တတ်သူတွေ ကြုံတွေ့ခဲ့ကြရပြီးပါပြီ။ ဒီလိုပဲ ခေတ်အဆက်ဆက် မျိုးဆက် စာရေး ဆရာပေါင်းများစွာဟာလည်း ဇာတ်အိမ်အမျိုးမျိုး၊ ရေးဖွဲ့မှုအမျိုးမျိုးနဲ့ ရေးသားခဲ့ကြပြီးပါပြီ။ သာမန်လောက်ပြောရရင်တော့ ခေတ်ပျိုဖြူရဲ့ ဒီဇာတ်လမ်းဟာလည်း ဒီလိုရေးဖွဲ့မှုတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့် မတူညီတာက ထူးခြားတဲ့ ဇာတ်အိမ်နဲ့ တင်ဆက်ထားမှုပါ။ ချို့ငဲ့တဲ့ဘဝမှာ ပညာရှာဖို့ ရောက်လာရတဲ့ လူငယ်လေး တစ်ယောက်။ ပကာသနနဲ့ ဂုဏ်မာနတွေ လွှမ်းခြုံထားတဲ့ မိခင်။ မြင်မြင်ချင်းမှာပဲ ချို့ငဲ့တဲ့ အဲ့ဒီ လူငယ်လေးအပေါ် ချစ်ခြင်းတို့ ကြီးမားစွာဖြစ်ပေါ်မိတဲ့ ဂုဏ်ကြီးရှင် သူဌေးသမီး။ ဒီသုံးဦးရဲ့ နွယ်ယှက်မှုကို ခပ်သွက်သွက်အရေးအသားလေးတွေ၊ ခေတ်လူငယ်စရိုက်လေးတွေနဲ့ ဖော်ညွှန်းထားတာမို့ စိတ်ကူးယဉ်တတ်သူတိုင်းအတွက် ဖတ်ရှုနှစ်ခြိုက်နိုင်မယ့် ဇာတ်လမ်း တစ်ပုဒ်လို့ ဆိုရမှာပါ။