အသည်းစားနတ်က္ခတ်

ခေတ်ပျိုဖြူ

800 Kyats ကျပ်
>> မင်းဂုဏ်ရှိန် နဲ့ ထက်မြက်သုတို့က မိဘမဲ့တွေပါ။ ဦးလေးဖြစ်သူက သူ့တို့နှစ်ယောက်ကို မွေးစားပြီး သားအရင်းတွေလိုချစ်တာ။ ထက်မြက်က တည်ငြိမ်တယ်၊ ဂုဏ်က လွတ်လွတ်လပ်လပ်နေတတ်တယ်။ သိပ်တော့ မတည့်ကြဘူးပေါ့လေ။ နောက်တစ်ယောက်ကတော့ ရေစင်၊ သူက အချစ်နက္ခတ်နဲ့ မွေးလာတယ်လို့ ဆိုရလောက်အောင် အချစ်မရှိရင်၊ ရည်းစားမရှိရင် မနေနိုင်သူပေါ့။ >> စိတ်ဝင်စားဖို့ကောင်တဲ့ တစ်ယောက်ကျန်သေးတယ်။ သူက နန်းစံထိပ်ထား။ အဖေဖြစ်သူ နောက်မိန်းမယူမှာကို ကန့်ကွက်ပြီး အိမ်ပေါ်က ဆင်းလာရာကနေ ရေစင့်အိမ်မှာ နေဖြစ်သွားတာ။ ထူးဆန်းတာက သူ့အဖေဖြစ်သူ ယူမယ့်နောက်မိန်းမက ရေစင်ရဲ့ အဒေါ်ဆိုတာကို နန်းစံမသိခဲ့ဘူး။ >> အဲဒီနောက်ပိုင်း နန်းစံရော၊ ရေစင်ကပါ ဂုဏ်ကို စိတ်ဝင်စားမိသွားတဲ့အခါ … ရေစင့်အပေါ် ထက်မြက်ရဲ့အကြည့်တွေမှာ အရောင်တွေပါလာတဲ့အခါ … ဂုဏ်ကလည်း နန်းစံကို စိတ်ဝင်စားနေမိတဲ့အခါ … သူတို့တွေရဲ့ ပတ်သက်ယှက်နွယ်မှုတွေက အပြင်းစား အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဘယ်လိုပေါ်ပေါက်လာမလဲ ? ခံစားကြည့်ရအောင် !