ရည်းစားရှိတဲ့အဖွား ကလေးဟာသများ

ကျော်မြင့်အေး

600 Kyats ကျပ်
တနေ့ကို တပုဒ်ပဲ ဖတ်ဖတ် တနာရီကို တပုဒ်ပဲ ဖတ်ဖတ် ဖတ်ချင်သလောက်ဖတ် ဖတ်လိုက်တိုင်း စိတ်ညစ်တာတွေ ပျောက် ပျော်စရာတွေ ရောက်လာမယ် ဆိုရင် သဘောကျမှာ မလား ? အဲ့ဒါကို ဖြည့်ဆည်းပေးမှာက ဒီစာအုပ်ပဲ ဖြစ်ပါတယ်။ ဟာသတိုလေးတွေ ပါတယ်။ ဖတ်လိုက်တိုင်း ရယ်ရတယ်။ ဘာလိုသေးလဲ ? ဟာသ အမြည်း (၂) ပုဒ် ဖော်ပြလိုက်ပါတယ်နော်။ “မြန်မြန်ခုန်ချပါ” ပထမသူခိုး ။ ။ အိုး …. ရဲတွေ ရောက်နေပြီကွ၊ မြန်မြန် ပြတင်းပေါက်ကနေ ခုန်ချ။ ဒုတိယသူခိုး ။ ။ ဟ …. တို့ရောက်နေတာ ဆယ့်သုံးထပ်နော်။ ပထမသူခိုး ။ ။ မြန်မြန်လုပ်စမ်းပါ။ အယူသီးဖို့ အချိန်မရှိဘူးကွ။ “ကြောက်တတ်တဲ့ဖေဖေ” ကလေးနှစ်ယောက် သူတို့၏ ဖခင်များ မည်မျှ ကြောက်တတ်ကြောင်းကို သူနိုင်ကိုယ်တိုင် ငြင်းခုံနေကြ၏။ ပထမကောင်လေးက “ငါ့ အဖေက အရမ်း ကြောက်တတ်တာ။ လျှပ်စီးလက်တာနဲ့ ခုတင်အောက် ဝင်ပုန်းနေရော” ဒုတိယသားက ပြန်ပြောသည်။ “ဟုတ်လား၊ ဒါက ဘာဟုတ်သေးလဲကွာ။ ငါ့အဖေကမှ အရမ်း ကြောက်တတ်တာ။ ငါ့အမေ ညဆိုင်း အလုပ်ဆင်းရင် ဘေးအိမ်က အဒေါ်ကြီးဆီ သွားအိပ်နေရော”