တော်လ်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး ဖွင့်ဟဝန်ခံချက်

ကျော်အောင်

800 Kyats ကျပ်
ဒီစာအုပ်ဟာ ကမ္ဘာကျော် စာရေးဆရာကြီး ဝီလျံဆမ်းမားဆက်မွမ်ရဲ့ ရေးသားချက်ကို ဆရာကျော်အောင်က မြန်မာပြန်ဆို ရေးသားထားတာ ဖြစ်ပါတယ်။ “စစ်နှင့်ငြိမ်းချမ်းရေး” ဆိုတာနဲ့ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီး၊ လူ့သဘာဝနဲ့ လောကပါလတရားတွေ၊ ဆန့်ကျင်ဘက်ဖြစ်တဲ့ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအပေါ် သဘောတရားတွေကို နက်နက်နဲနဲ ဖော်ထုတ်တင်ပြထားတဲ့ ကမ္ဘာ့စာပေသမိုင်းမှာ အကျော်ကြားဆုံးဝတ္ထုကြီးအဖြစ် ဝန်ဇင်းစာချစ်သူတို့ သိရှိကြမှာပါ။ “အနုပညာဆိုသည်မှာ လူ့ဘဝကို ဆင်ယင်မွမ်းမံပေးသည့် အဆင်တန်ဆာဖြစ်၏။ လူ့ဘဝကို နေချင့်စဖွယ်ဖြစ်အောင် ဖန်တီးပေးသည့် အရာဖြစ်၏။ သို့ဖြစ်လျှင် ပင်မအကြောင်းခံဖြစ်သည့် လူ့ဘဝကြီးကို စက်ဆုပ်ငြီးငွေ့နေသော ကျွန်ုပ်သည် အခြားသူများအား ပျော်ရွှင်အောင် ကျွန်ုပ်၏အနုပညာဖြင့် မည်သို ဖန်တီးပေးနိုင်ပါမည်နည်း။ လူ့ဘဝ၌ ( မည်သည့် အဓိပ္ပါယ်မျိုးဟူ၍ မသိသည့်တိုင် ) တစ်စုံတစ်ခုသော အဓိပ္ပါယ်ရှိသည်ဟု ကျွန်ုပ်တစ်ခါက ယုံကြည်ခဲ့၏။ ကျွန်ုပ်သည် နီကိုလေဗစ်ခ်ျတော်လ်စတွိုင်း ဆိုသော စာရေးဆရာတစ်ယောက်၏ ဘဝလှိုင်းလုံးပေါ်တွင် စီး၍ကြည်နူးခဲ့၏။” ဒီ စာအုပ်ကတော့ စစ်နှင့်ငြိမ်ချမ်းရေးဆိုတဲ့ ဂန္ထဝင်မြောက်ဝတ္ထုကြီးကို ရေးသားခဲ့သူ တော်လ်စတွိုင်းအကြောင်းနဲ့ သူရေးသားခဲ့တဲ့ဝတ္ထုအပေါ် သူ့ရဲ့ သုံးသပ်အမြင်၊ ဝတ္ထုကြီး ပေါ်ပေါက်ခဲ့တဲ့ အကြောင်းအရင်းတွေ၊ ဝတ္ထုထဲမှာ စာရေးသူ အဓိကတင်ပြပြောဆိုလိုတဲ့ အချက်တွေကို ဖော်ပြထားတာမို့ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီး ဖတ်ပြီးသူများရော၊ မဖတ်ရသေးသူများပါ အခုစာအုပ်ငယ်လေးကိုတော့ဖြင့် ဖတ်ဖြစ်အောင်ဖတ်ကြဖို့ ဝန်ဇင်းမှ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျ။