ဝတၳဳတို

ကျော်အောင်

800 Kyats ကျပ်
ဒီစာအုပ်ကတော့ ဝတ္ထုတိုသဘောတရားနဲ့ ဝတ္ထုတိုတွေအကြောင်း ပြုစုထားတဲ့ စာတမ်းတစ်စောင်ဖြစ်ပြီး ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး ဆမ်းမားဆက်မွမ်ရဲ့ Short Story ဆိုတဲ့ စာအုပ်ကို မြန်မာပြန်ဆိုထားတာပဲ ဖြစ်ပါတယ်။ ဆမ်းမားဆက်မွမ်ကိုယ်တိုင်ကလည်း ဝတ္ထုတိုတွေ အများအပြား ရေးခဲ့တဲ့ စာရေးဆရာတစ်ဦး၊ ဒီစာအုပ်မှာတော့ ခေတ်သစ်ဝတ္ထုတိုတွေအကြောင်း အသားပေး ပြောဆိုထားတာ တွေ့ရမှာပါ။ တကယ်တော့ ဝတ္ထုတိုဟာ စာမျက်နှာ များများမရတော့ အရေးကြီးတာလောက်ကိုပဲ ပြောနိုင်တယ်။ ကျန်တာကို စာဖတ်သူက ဖြည့်ပြီး စဉ်းစားရတယ်၊ တွေးရပါတယ်။ စာဖတ်သူရဲ့ အတွေ့အကြုံနဲ့ အသိအမြင် ပမာဏအလိုက် ဝတ္ထုတိုကို နားလည်နိုင်စွမ်းက မြင့်သွားပါပြီ။ အဲဒီလို ဝတ္ထုတို သဘောတရားတွေကို စာရေးဆရာကြီးတွေရဲ့ အမြင်တွေနဲ့ နှိုင်းယှဉ်ပြီး ဒီစာအုပ်မှာ လေ့လာနိုင်ပါတယ်။ ဝတ္ထုတို ရေးနည်းရယ်လို့ အတိအကျ မရှိတဲ့အပေါ် စာရေးဆရာတွေက ဘယ်လို နားလည်ကြသလဲ၊ ဝတ္ထုတိုကို ဘယ်လို ရေးကြသလဲ၊ ဘယ်လို တွေးကြသလဲ ဆိုတာ ဒီစာအုပ်ကို ဖတ်ခြင်းအားဖြင့် နားလည်နိုင်မှာပါ။