ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှု အရည်အသွေးကို လေ့လာခြင်း

ကျော်ကျော်လှိုင်

800 Kyats ကျပ်
ရှေးမြန်မာမင်းတို့၏ ခေါင်းဆောင်မှု စွမ်းရည်သည် ယနေ့ခေတ် နာမည်ကြီး စာရေးဆရာများဖြစ်သည့် John C Maxwell, Jim Rohn, Ken Blanchard, Steven Covey တို့၏ စာအုပ်များတွင် ရေးထားသည့် ခေါင်းဆောင် အရည်အသွေးတို့နှင့် နှိုင်းယှဉ်၍ရအောင် ထူးခြားကောင်းမွန် ခဲ့ကြောင်းကို စာရေးသူအမြင်ဖြင့် တင်ပြလို၍သာ လေ့လာရေးသားခဲ့ခြင်း ဖြစ်ပါသည်။ သက္ကရာဇ်များနှင့် အချို့အချက်အလက်များ မှားယွင်းနေပါသည်ဟု ထောက်ပြလျှင် ကျေးဇူးတင်ပါသည်။ စာရေးသူက ရှေးမြန်မာမင်းတို့၏ ခေါင်းဆောင်မှုအရည် အသွေးကို ခေတ်အမြင်ဖြင့် လေ့လာဆန်းစစ် တင်ပြခြင်းကိုသာ ဦးစားပေးထား၍ အချို့အချက်အလက်များ ကွဲလွဲမှုများရှိလျှင် နားလည်ပေးစေ လိုပါသည်။ ဤစာအုပ်သည် B2B မဂ္ဂဇင်းတွင် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော အနော်ရထာ မင်းမှစပြီး နောက်ဆုံး ပြည်ချစ်မင်းကြီး ရန်နောင်ထိ ၁၉ ပိုင်းခွဲ၍ လစဉ်ရေးသား ခဲ့သည်များကို စုစည်း၍ ထုတ်ဝေခြင်း ဖြစ်ပါသည်။