တန်ဖိုးရှိသောနေ့

ကျော်ကျော်လှိုင်

1000 Kyats ကျပ်
ခေါင်းစဉ်အတိုင်းပါပဲ။ တန်ဖိုးရှိသောနေ့ ဆိုတဲ့ ဒီစာအုပ်မှာ ပါဝင်တဲ့ အကြောင်းအရာတွေကလည်း တန်ဖိုးရှိပါတယ်။ ဖတ်သူတိုင်းအတွက် အကျိုးရှိစေမယ့် စာမျိုးပါ။ ဆရာကျော်ကျော်လှိုင်က လောကီ၊ လောကုတ္တရာနဲ့ ပတ်သက်တဲ့ ကြောင်းကျိုးဆက်နွှယ်မှုတွေကို သူ့ဘဝတစ်လျှောက် ဖြတ်သန်းမှုနဲ့ ချိန်ထိုးပြီး ရေးသားပြထားပါတယ်။ ဘဝမှာ အောင်မြင်သူတစ်ယောက်အဖြစ် ရပ်တည်သွားလိုသူတိုင်း၊ ဆောင်ရန် ရှောင်ရန် အချက်အလက်တွေကိုလည်း လက်တွေ့ကျင့်သုံးစေဖို့ ရည်ညွှန်းထားပါတယ်။ သိသူဖော်စား၊ မသိသူ ကျော်သွား ဆိုသလိုပါပဲ။ ဒီစာအုပ်ကို သင် မဖတ်ဖြစ်ခဲ့ရင် တန်ဖိုးရှိတဲ့ အရာကို လက်လွှတ်လိုက်သလို သဘောပါပဲ။