ထောင်စုသစ် အိုင်ဒီယာများ

ကျော်ဝင်း

1000 Kyats ကျပ်
(၂၀) ရာစုနှောင်းပိုင်းနဲ့ (၂၁) ရာစု ခေတ်ဦးအတွင်း ပညာလောကကို ချောက်ချားစေခဲ့တဲ့ စာအုပ်လေးအုပ်ကို အနှစ်ချုပ် စုစည်းမိတ်ဆက်လိုက်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ‘ဖရန်စစ်ဖူကူယားမား’ ရဲ့ ‘သမိုင်းနိဂုံးနှင့် နောက်ဆုံးလူ’၊ ‘ဆယ်မျူရယ်(လ)ဟန်တင်တန်’ ရဲ့ ‘ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း’၊ ‘ဂျိုဇက်အက်(စ်)နိုင်း(အငယ်)’ ရဲ့ ‘ပါဝါအပျော့’ နဲ့ ‘နီး(လ)ဖာဂူဆန်’ ရဲ့ ‘နောက်လာမယ့် ကမ္ဘာ၏စစ်ပွဲ’ စာအုပ်တွေကို အနှစ်ချုပ် ပူးပေါင်းစုစည်း ရေးသားထားတာကို ဖတ်ကြရမှာပါ။။ ပြောရရင် ရာစုသစ်နဲ့ ထောင်စုသစ်ကို အဓိက ပုံသွင်းကြမယ့် အိုင်ဒီယာတွေလို့ ပညာရှင်အများက သတ်မှတ်ထားကြတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ မြန်မာ စာဖတ်ပရိသတ်တွေအနေနဲ့ အရေးကြီးတဲ့ (အရေးကြီးတယ်လို့ ယူဆရတဲ့) အိုင်ဒီယာတွေကို သိသင့်သိထိုက်တယ်လို့ ဆရာကျော်ဝင်းက ယူဆမိတယ်လို့ အမှာစာမှာ ဆိုထားပါတယ်။ ဒါပေမဲ့ မူရင်းစာအုပ်ကြီးတွေဟာ ထူထဲပြီး စာလေးတဲ့အတွက် စာဖတ်ပရိသတ်တွေ လက်လှမ်းမမီမှာကို စိုးရိမ်စိတ်နဲ့ အလွယ်တကူ လက်လှမ်းမီ ဖတ်ရှုမြည်းစမ်းနိုင်စေဖို့ စေတနာနဲ့ ခုလို လေးအုပ်စလုံးရဲ့ အနှစ်ချုပ်ကို တစ်အုပ်တည်းမှာ စုပေါင်းပြီး အနှစ်ချုပ်မိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။