အိုင်တီခေတ်၊ ပညာခေတ်၊ အိုင်ဒီယာခေတ်နှင့်ပညာကို ဋီကာဖွဲ့ခြင်း

ကျော်ဝင်း

800 Kyats ကျပ်
တုပ်နှောင်မှုများနဲ့ ဖန်ဆင်းရှင်၊ အို ရုပ်ကမ္ဘာသခင်၊ သင့်သံမဏိအိမ် ပြိုပြီ။ “ဆိုက်ဘာစပေ့” မှာ သင့်နေရာမရှိ၊ သင့်ပါဝါမရှိ၊ သင်၏နိဂုံး၊ ငါ၏နိဒါန်း ဇာတ်လမ်းအသစ် စတော့အံ့’ တဲ့။ အိုင်တီခေတ် ဆောင်းပါးတစ်ပုဒ်ရဲ့ အဖွင့်ကြေညာစာတမ်း။ ဒီစာအုပ်က ဆရာကျော်ဝင်းရဲ့ နာမည်ကျော် ဆောင်းပါးတွေကို စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီဆောင်းပါးတွေကို ဖတ်ကြည့်ရင်ပဲ အိုင်တီခေတ်၊ ပညာခေတ်၊ အိုင်ဒီယာခေတ်ဆိုတဲ့ ခေတ်သုံးခေတ်နဲ့ ဒီခေတ်ရဲ့ ပညာတွေကို တို့ထိမိနိုင်မှာပါ။ “အိုင်တီခေတ်၊ ပညာခေတ်၊ အိုင်ဒီယာခေတ်”ကို (၂၀ဝ၆) ခုနှစ် သြဂုတ်လက ပထမအကြိမ် ထုတ်ဝေခဲ့ပါတယ်။ (၂၀ဝ၀) ပြည့်နှစ်ကနေ (၂၀ဝ၃) ခုနှစ်အတွင်း ဆရာကျော်ဝင်း ရေးခဲ့တဲ့ စာတွေပါ။ “ပညာဝိသေသ” အခန်းမှာ ပါဝင်တဲ့ ဆောင်းပါးလေးပုဒ်ကိုတော့ လုံးချင်းအဖြစ် မထုတ်ဝေဖူးသေးပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ရေးခဲ့တဲ့ စာတွေထဲမှာ ခေတ်ရေစီးနဲ့ စာရေးသူရဲ့ အမြင်အရွေ့ကို ခြေရာခံနိုင်လိမ့်မယ်လို့လည်း ဆရာကျော်ဝင်းက ထင်မြင်ယူဆကြောင်း အမှာစာ ဆိုထားပါတယ်။