ဖက်ဒရယ်မူ သဘောတရားနှင့်လက်တွေ့

ကျော်ဝင်း

600 Kyats ကျပ်
ပည်တွင်းငြိမ်းချမ်းရေး အောင်မြင်စွာ မတည်ဆောက်နိုင်လျှင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၏ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီမှာ ရေရှည်သဘောဆောင်ဖို့ မလွယ်သလို၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရေးတွင်လည်း ခက်ခဲနေဦးမည်ဟု ထင်သည်။ ဤမျှအရေးကြီးလှသော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုမှာလည်း အပစ်အခတ်ရပ်စဲရေး အောင်မြင်ပြီးမြောက်ရုံမျှနှင့် လုံလောက်အံ့မထင်ပါ။ အခြေခံကျကျ တည်ရှိနေသော နိုင်ငံရေးပြဿနာများကို ညှိနှိုင်းအဖြေရှာကြဖို့ လိုပါလိမ့်မည်။ ဤတွင် ‘ဖက်ဒရယ်မူ’ (Federalism) ဆိုသော အယူအဆနှင့် ဝေါဟာရမှာ မလွှဲမရှောင်သာ ရှေ့ရောက်လာရတော့သည်။ သို့နှင့်အမျှ ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး မိတ်ဆက်သဘော တင်ပြရလျှင် လက်ရှိအပြောင်းအလဲအတွက် တစ်စုံတစ်ရာ အကျိုးရှိလေမည်လား စဉ်းစားမိသည်။ ဤစဉ်းစားချက်နှင့်ပင် ဖက်ဒရယ်မူ၏ သဘောတရားပိုင်း၊ နိုင်ငံတကာ လက်တွေ့ကျင့်သုံးပုံ၊ မြန်မာ့နိုင်ငံရေးနှင့် ဖက်ဒရယ်မူ စသည်များကို စာရေးသူ လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါသည်။