လွတ်မြောက်ရာ

ကျော်မျိုးနိုင်

400 Kyats ကျပ်
သားသမီးမကောင်း မိဘခေါင်းတဲ့။ ဒီလိုပဲ … မိဘမကောင်းတော့ သားသမီးခေါင်းပေါ် တာဝန်ကျသလို မိဘရဲ့ အပြစ်အနာအဆာဟာ သားသမီးတွေအပေါ် ဂယက်ရိုက်တတ်ကြောင်း၊ ဥပမာပြသွားတဲ့ ဝမ်းနည်းကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်။ ရေပြင်ပေါ် ခဲကျတဲ့အခါ ဂယက်ထင်သလို မိဘရဲ့ အမှားတစ်ခုဟာ ခဲလုံးတစ်လုံးလို အရှိန်ပြင်းပြင်းနဲ့ သားသမီးရဲ့ ဘဝရေပြင်ဆီ ထိုးကျသွားတဲ့အခါ ခဲလုံးကြီးလေ ဂယက်ကြီးလေ ဖြစ်တတ်ပါတယ်။ ဒီအခါ ရေပြင်လို သားသမီးရဲ့ဘဝမှာ ဒဏ်ရာ အနာတရတွေ အပြည့်နဲ့ ထိခိုက်နာကျင်ရတတ်ပါတယ်။ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီဖြစ်ပေမဲ့ မသေခင်တုန်းက ပြုမူခဲ့တဲ့ အမှားတွေက လူ့ဝန်းကျင် အသိုင်းအဝိုင်းမှာ ကဲ့ရဲ့ ရှုံ့ချစရာ၊ ခွင့်မလွှတ်နိုင်စရာ ဖြစ်ခဲ့တဲ့အခါ၊ လူ့အသိုင်းအဝိုင်းမှာ ကျန်ရစ်နေတဲ့ သားငယ်လေးတစ်ယောက်ရဲ့ နေ့စဉ်ဖြတ်သန်းမှုက ကလေးဘဝရဲ့ လွတ်လပ်ပျော်ရွှင်စရာမှန်သမျှကို ဆုံးရှုံးရပါတော့တယ်။ ဒီအခါမှာတော့ …