အောင်နိုင်သူအလား တွေးခေါ်စဉ်းစား

ကောင်းသာ(မြန်မာပြန်)

800 Kyats ကျပ်
ဒီစာအုပ်ပါ ချဉ်းကပ်မှုကို “မျှော်လင့်ခြင်း နိယာမ” (Expectation Theory) လို့ ခေါ်မယ်။ မျှော်လင့်ခြင်း နိယာမက လက်ကိုင် ပြုတာကတော့ သင်နဲ့ သင့်လောကနဲ့ ပတ်သက်လို့ သင့်ရဲ့ အခြေခံ ယုံကြည်မှုတွေက သင့်ဘဝ အောင်မြင်မှုတွေရဲ့ ပင်မ အဆုံးအဖြတ်တွေပဲလို့ ခံယူထားတယ်။ သင်နေထိုင်တဲ့ အတွင်းကမ္ဘာကို ဖန်တီးထားတဲ့ သင့်ယုံကြည်မှုတွေပဲ ဖြစ်တယ်။ ဒီနိယာမကို အောက်ပါနည်းလမ်းနဲ့ လက်တွေ့ အသုံးချနိုင်ပါတယ်။ သင်ကိုင်စွဲတဲ့ ယုံကြည်မှုက သင် ချိတ်ဆက်ထားတဲ့ ရှိမှု၊ မရှိမှု စဉ်းစားခြင်း အားလုံးရဲ့ တိုက်ရိုက် ရလဒ်တွေ ဖြစ်တယ်။ ယုံကြည်မှုတွေက သင့်ခေါင်းထဲမှာ တည်ရှိနေရုံ ငြိမ်သက် နေပေမဲ့ စွမ်းအား ကြီးကြီး အင်အားစုအဖြစ် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံ သိုလှောင် ထားတာ ဖြစ်တယ်။ - သင့်ရဲ့ ယုံကြည်မှုတွေက အနာဂတ် ရလဒ်တွေနဲ့ ပတ်သက်တဲ့ သင့်မျှော်လင့်ချက်တွေကို ဖန်တီးတယ်။ မျှော်လင့်ချက်တွေက သင့်ခေါင်းထဲက အလုပ်ဆိုင်ရာ တက်ကြွတဲ့ အင်အားစု ဖြစ်တယ်။