အောင်မြင်ကြီးပွားရေးအတွက် အာလာဒင်နည်းနာ

ကောင်းသာ(မြန်မာပြန်)

800 Kyats ကျပ်
ဘဝကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အောင်မြင်မှုရစေမယ့် သော့ချက်တစ်ခု။ ကျွန်တော်တို့ဟာ မွေးကတည်းက ကျွန်တော်တို့ကိုယ်တိုင်တောင် နည်းနည်းလေးမှ မသိခဲ့၊ မရိပ်မိခဲ့ကြဘဲ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ အလိုဆန္ဒတွေ အကန့်သတ်ခံခဲ့ကြရတယ်။ အိမ်မှာ၊ ကျောင်းမှာ၊ လူမှုပတ်ဝန်းကျင်မှာ၊ အချစ်ရေးမှာ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ၊ အလိုဆန္ဒ တွေကို သိသိကြီးနဲ့တစ်မျိုး၊ မသိ၍တစ်ဖုံ အဟန့်တားခံခဲ့ကြရတယ်။ နယ်ပယ်စုံမှာ ကွန်ပျူတာတွေလို ပရိုဂရမ်အချခံခဲ့ကြရတယ်။ အဲဒီလို ကန့်သတ်ခံရ၊ ဟန့်တားခံရမှုတွေကို ဒီစာအုပ်က ထင်ထင်ရှားရှား သိမြင်စေပြီး ဘယ်လိုရုန်းမထွက်ရမလဲဆိုတဲ့ နည်းလမ်းတွေနဲ့အတူ ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးမှာ တကယ်လိုအပ်တာနဲ့ လိုချင်တာကြား ကွဲကွဲပြားပြားမသိခဲ့တာတွေ၊ မိသားစုကြားနဲ့ လူမှုပတ်ဝန်းကျင်ကြား နေထိုင်ကျင့်ကြံရမယ့် အပြုအမူ၊ အပြောအဆိုတွေ၊ မေတ္တာအခြေခံပြီး စိတ်တန်ခိုးစွမ်းအား မြှင့်တင်ရေးတို့ကိုပါ ခေတ်အဆက်ဆက် ပညာရှိကြီးတွေရဲ့ အဆိုအမိန့် ဆောင်ပုဒ်တွေနဲ့ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ မသိခြင်းတွေကြားမှာ သိအောင် လမ်းညွှန်ပေးဖို့တော့ ဒီစာအုပ်က တာဝန်ယူပေးလိုက်ပါပြီ။ အာလာဒင် လိုတရ မီးခွက်ပိုင်ဆိုင်လိုက်ရသလို အောင်မြင်ကြီးပွားသူတစ်ယောက်ဖြစ်အောင် လက်တွေ့ကျင့်ကြံလိုက်နာဖို့ ဒီစာအုပ်ကို ဖတ်ကြည့်ဖို့ကတော့ စာချစ်သူရဲ့ တာဝန်ပဲ ကျန်ပါတော့တယ်နော်။ ကဲ.... တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်ရဲ့ "မိုင်တစ်ထောင်ခရီးစဉ်က ခြေတစ်လှမ်းနဲ့ စတင်ခဲ့ပါတယ်" ဆိုတဲ့ အဆိုအမိန့်အတိုင်း အခုပဲ အောင်မြင်မှုလမ်းဆီကို ခြေတစ်လှမ်း စလှမ်းလိုက်ကြရအောင်လား...