လူတွေအပေါ် သြဇာလွှမ်းမိုးနည်း

ကောင်းသာ(မြန်မာပြန်)

800 Kyats ကျပ်
‘ဘဝရဲ့ ထောင့်တွေအားလုံးကို ဖြတ်နေစဉ်မှာ လူများစွာကတော့ ထင်မိကြမယ်။ ဒါ ဘယ်သူသိတာမှတ်လို့ ဆိုပြီး လျှို့ဝှက်ဖုံးဖိကြမယ်။ ဒါပေမဲ့ ဘာမဆို တခြားသူ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ သိသွားတာချည်းပါပဲ’ တဲ့။ လူတွေအပေါ် သြဇာလွှမ်းမိုးနည်း ဆိုတဲ့ စာအုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေက သူတစ်ပါးအပေါ် မရိုးမဖြောင့် ကောက်ကျစ်တဲ့ နည်းနဲ့ သြဇာလွှမ်းမိုး အနိုင်ယူနိုင်မယ့် နည်းလမ်းမျိုးတွေ မဟုတ်ပါဘူး။ သင့်ရဲ့ ဘဝ ဖြတ်သန်းမှုမှာ လိုအပ်မယ့် အခြေခံ အချက်အလက်တွေကနေ ကောင်းသော လွှမ်းမိုးမှုနဲ့ သြဇာရှိခြင်းအတွက် ရေးသားထားတဲ့ စာစုမျိုးတွေ ဖြစ်ပါတယ်။ ဥပမာ - လူတွေအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့ လူတစ်ယောက်ဟာ ရိုးဖြောင့်ပြီး စာရိတ္တကောင်းရမယ်၊ အသေးအဖွဲ ကိစ္စလေးတွေကအစ တည်ကြည်ဖြောင့်မတ်ရမယ်၊ ရိုးဖြောင့်မှုဟာ ရောင်းရန်မဟုတ် … စတဲ့ အကြောင်းအရာမျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားရှင်းလင်းချက်မျိုးတွေပေါ့။ ဒီစာအုပ်က စာချစ်သူတွေရဲ့ စိတ်ထား၊ ခံယူချက်၊ အသိအမြင်၊ အတွေးအခေါ်တွေကို ပြောင်းလဲနိုင်ဖို့အတွက် အကူအညီကောင်းကောင်းပေးနိုင်မယ့် စာအုပ်မျိုး ဖြစ်ပါတယ်။