စဉ်းစားဖို့ မွေးလာတာ အယ်လ်ဘတ် အိုင်းစတိုင်း

ကောင်းသာ(မြန်မာပြန်)

800 Kyats ကျပ်
အိုင်းစတိုင်းဟာ ငယ်ငယ်တုန်းက စာအရမ်းညံ့လို့ ကျောင်းထုတ်ခံရဖူးတယ်။ ဒါပေမယ့် သူဟာ ကမ္ဘာမှာ အထူးချွန်ဆုံး ပုဂ္ဂိုလ်ကျော်ကြီးတွေထဲက တယောက် ဖြစ်လာခဲ့တယ်။ အိုင်စတိုင်းဟာ စစ်ကို မုန်းတဲ့ ငြိမ်းချမ်းရေးသမား။ ဒါပေမယ့် သူ့ရဲ့ ဖော်မျူလာ တခုကြောင့် ကမာကို ပြာကျသွားစေနိုင်တဲ့ ဗုံးအဖြစ် ဖန်တီးမိတဲ့အထိကို ရောက်ခဲ့တယ်။ အိုင်းစတိုင်းဟာ ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်လို့ လူသူဝေးတဲ့ နေရာမှာ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ပေမယ့် သူဟာ တကမ္ဘာလုံးက သတင်းစာတွေရဲ့ အာရုံစိုက်ခြင်းကို ခံရတယ်။ သူ ကွယ်လွန်ပြီးတာ နှစ်ပေါင်း ငါးဆယ်လောက် ရှိပြီ ဆိုပေမယ့် အခုချိန်ထိ သူ့အကြောင်းကို ရုပ်ရှင် အနုပညာ၊ စာပေ အနုပညာ၊ လူမှုရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်တို့မှာ နေရာတကာ မြင်နေရဆဲပဲ။ အဲ့ဒီ အိုင်းစတိုင်းဟာ ဘယ်သူလဲ ? ဒီစာအုပ်ဟာ အိုင်းစတိုင်းနဲ့ ပတ်သက်သမျှ အဓိက အချက်တွေကိုပဲ ထုတ်နုတ်ပြီး ပြောပြ တင်ဆက်ထားတာပါ။ ‘စဉ်းစားဖို့ မွေးလာတာ’ ၊ ‘ဉာဏ်ကြီးရှင်တစ်ယောက်နဲ့ အတူနေလို့ ဘာတွေ အလုပ်ဖြစ်မှာလဲ’ ၊ ‘အယ်လ်ဘတ် အသက်ကို တဝကြီးရှူလို့ အစဉ်းစားမပျက် စဉ်းစားနေ’ စတဲ့ ခေါင်းစဉ်လေးတွေ အောက်မှာ အိုင်းစတိုင်းအကြောင်း ပြောပြနေတာကို ဖတ်ရတာ သိပ် အံ့သြဖို့ကောင်းတဲ့ ပုံပြင်တပုဒ်ကို နားထောင်နေရသလိုပါပဲ။ ဝန်ဇင်း စာချစ်သူတို့ သဘောကျသွားပါလိမ့်မယ်။