ကလေးများပင်ကိုယ်ဥာဏ်ရည်နဲ့ ပါရမီဥာဏ်စွမ်း ထက်သန်ရေး အမေးအဖြေစာအုပ်

ကောင်းသာ(မြန်မာပြန်)

800 Kyats ကျပ်
သင့်ကလေးကို အချက်အလက်တွေ သင်ပေးပါ။ ဗဟုသုတ အစုံအလင် ရပါလိမ့်မယ်။ စဉ်းစားတတ်အောင်၊ အကျိုးအကြောင်း ဇာစ်မြစ်နှိုက်ထုတ်ရှာဖွေတတ်အောင် သင်ပေးပါ။ ဉာဏ်ရည်ဉာဏ်စွမ်း ထက်သန်ပြီး ပညာရှိ ဖြစ်လာပါလိမ့်မယ်။ ဒီရည်ရွယ်ချက်နဲ့ ဒီအမေးအဖြေစာအုပ်လေးကို ဆရာကောင်းသာက ပြုစုထားတာပါ။ စဉ်းစားဆင်ခြင်နိုင်တဲ့ ကျွမ်းကျင်မှုတွေက ဒီလို အမေးအဖြေလုပ်ရင်းနဲ့ပဲ စာသင်ခန်းတွေကနေတစ်ဆင့် တစ်တိုင်းပြည်လုံးကို ကျယ်ကျယ်ဝန်းဝန်း ပျံ့နှံ့သွားမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ပြုစုထားတဲ့ အမေးအဖြေတွေက ဝေဖန်ဆန်းစစ်ရေးနဲ့ ဖန်တီးမှုကျကျ စဉ်းစားတတ်အောင်၊ ကျွမ်းကျင်မှုတွေ တိုးတက်လာအောင် ရေးသားထားပါတယ်။ မိဘတွေက ကိုယ့်သားသားမီးမီးလေးတွေကို ဉာဏ်ရည်မြင့်မားတဲ့ ကလေးတွေဖြစ်အောင် ဒီစာအုပ်လေးကနေ လေ့ကျင့်ပေးနိုင်ပါတယ်။