သို့ . . . မေမေ

ကောင်းသန့်

800 Kyats ကျပ်
မေမေကို ချစ်သူတိုင်းအတွက် အမှတ်တရလက်ဆောင်အဖြစ်၊ ဆရာကောင်းသန့် ရေးသားထားတဲ့ 'သို့ ... မေမေ' ။ မေမေရဲ့ တန်ဖိုး၊ မေမေ့ မေတ္တာ၊ မေမေ့ အနစ်နာခံမှု၊ မေမေရဲ့ ကြီးမားလှတဲ့ ကရုဏာတရားကို ကဗျာဆန်ဆန် ရေးဖွဲ့ထားတဲ့ စာအုပ်လေးလည်း ဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့တာ ကြာပြီဖြစ်တဲ့ ဆရာ့ရဲ့ မိခင်ကြီးကို အမှူးပြုပြီး ကမ္ဘာပေါ်မှာရှိတဲ့ မေမေတိုင်းအတွက် အမှတ်တရ ရေးဖွဲ့ထားတဲ့ ဒီစာအုပ်လေးက မေမေကို ချစ်တဲ့ သားသမီးတိုင်း ဖတ်သင့်တဲ့ စာအုပ်လေးပါပဲ။ ဒါမှမဟုတ် ... မေမေ့ကို လက်ဆောင်ပေးလို့လည်း အကောင်းဆုံးဖြစ်မယ့် စာအုပ်လေးပါပဲ။