လူငယ်အမေး ကောင်းသန့် အဖြေ

ကောင်းသန် ့

600 Kyats ကျပ်
ဆရာကောင်းသန့်ဆိုရင် လူငယ်တွေအတွက် ဘဝအောင်မြင်ရေးနဲ့ ပတ်သက်ပြီး ဆိုဆုံးမဟန် စာမျိုးတွေကို အများဆုံး ရေးလေ့ရှိတဲ့ စာရေးဆရာတစ်ဦးရယ်လို့ ဝန်ဇင်းစာချစ်သူတို့ သိကြမှာပါ။ အခု ဒီစာအုပ်ကတော့ ဆရာ့ကို လူငယ်တွေက သူတို့ သိချင်တဲ့ မေးခွန်းတွေမေး ၊ ဆရာက ပြန်ဖြေတဲ့ အင်တာဗျူး အမေးအဖြေတွေကို ဖတ်ရှုရပါလိမ့်မယ်။ တိုတိုရှင်းရှင်းနဲ့ ထိရောက်တဲ့ ဆရာ့ရဲ့ အဖြေတွေဟာ စာဖတ်သူအတွက် ကျေနပ်သဘောကျစရာပါပဲ။ ဘဝမှာ ဘာအရေးကြီးဆုံးလဲ၊ စိတ်ဓာတ်ကျစရာ တွေ့ကြုံလာတဲ့အခါ၊ အချစ်ဆိုတာဘာလဲ၊ ဝမ်နည်းမှု ပူဆွေးလွမ်းဆွတ်မှုတွေ ခံစားရတဲ့အခါ ဘယ်အရာနဲ့ ကုစားသင့်ပါသလဲ၊ အောင်မြင်မှုဟာ ဘဝရဲ့ တကယ် အရေးပါတဲ့အရာလား၊ အတွေးအခေါ်မြင့်မားဖို့ ဘာတွေလုပ်ရမလဲ၊ လူတစ်ယောက်ရဲ့ဘဝ အောင်မြင်ဖို့အတွက် ဘာအရေးကြီးဆုံးလဲ၊ စာဖတ်ပုံ စာဖတ်နည်း ရှိပါသလား ဘယ်လိုမျိုး ဖတ်ရမလဲ၊ အင်္ဂလိပ်စာ တော်ချင်တတ်ချင်တယ် ဘယ်လိုလုပ်ရမလဲ၊ ရိုးသားမှုဟာ နေရာတိုင်း အသုံးတည့်ပါသလား … စတဲ့ မေးခွန်းတွေအပြင် အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကိုလည်း ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။