ပြန်လည်မွေးဖွားလာသော အသန်မာဆုံးသားရဲ စာစဉ်-၈

ကောင်းထက်ပိုင်

500 Kyats ကျပ်
စာမြည်း ✅ “မင်းတို့နှစ်ယောက်က လက်စားချေမယ်ဆိုတဲ့ကိစ္စကို ကိုယ်ဘာသာ ဖြေရှင်းကြတော့။ ငါဒီကိစ္စတွေမှာ မပါတော့ဘူး” ဆန်းဟန်က လက်နှစ်ဖက်ကို ပူးကပ်ပြီးပြောလိုက်ပြီးတော့ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ခွာသွားပါတယ်။ ဝမ်ယန်မင်းနဲ့ ချီဟန်တို့က မျက်နှာများပျက်ယွင်းနေပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီးတော့ ဘာဆက်လုပ်မလဲ မသိတော့ဘူး။ “ဒုဥက္ကဋ္ဌချီ မင်းပဲ ဆက်ကစားလိုက်တော့။ ငါကတော့ လင်းရန်တန်ကို မထိရဲဘူး” ဝမ်ယန်မင်းက တစ်ခဏမျှ စဉ်းစားလိုက်ပြီးတဲ့နောက်မှာ နောက်ဆုတ်ဖို့ပဲ ရွေးချယ်လိုက်ပါတယ်။ ချီဟန်မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီးတော့ လက်သီးများ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီးတော့ ဒေါသတကြီးနဲ့ အရင်လှုပ်ရှားခဲ့မိတာကို နောင်တရနေပါတယ်။ အနားက ကျင့်ကြံသူတွေကလည်း ဒီမြင်ကွင်းကြောင့် ချက်ချင်းအုံ့ကြွသွားပါတယ်။