မှော်ဝင်အိမ်ကြီးနှင့် တစ်ညတာ ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုများ

ကောင်းကင်

800 Kyats ကျပ်
ကောင်းကင် ရေးသားတဲ့ ပရလောက နောက်ခံ ၀တ္ထုတိုတွေကို စုစည်းထားတဲ့ ဒီစာအုပ်လေးမှာတော့ … လပြည့်နေ့က ဖြစ်ခဲ့သည်၊ အရုပ်လေး တစ်ရုပ်၊ အိပ်မက်များနှင့်အတူ၊ ကျေးဇူးပြု၍ အိပ်မက်တွေကို အကောင်အထည် ဖော်ခွင့် ပေးပါ၊ မေမေ သမီးကြောက်တယ်၊ နှစ်ဆောင်မြိုင် အိမ်ကြီးပေါ်က အသံများ၊ စတဲ့ ဖြစ်ရပ်ဆန်းကြယ် သရဲတစ္ဆေ ၀တ္ထုတိုတွေ ပါဝင်ပါတယ်။ ကိုယ်တွေ့ ကုန်ကြမ်းရှာပြီးမှ ပရဆန်းကြယ် သရဲဝတ္ထုတွေကို ရေးသားတာပါလို့ ၀န်ခံထားတဲ့ ကောင်းကင်ရဲ့ ကိုယ်တွေ့ သရဲဝတ္ထုတိုတွေက ဘယ်လောက်အထိ စာဖတ်သူတွေကို ဆွဲဆောင်နိုင်မလဲဆိုတာ၊ ဖတ်ရှုခံစားကြည့်ကြပါဦး စာချစ်သူများ ခင်ဗျ။