Using Android on Mobile Phones & Tablets

ဦးဇော်လင်း

1000 Kyats ကျပ်
...အမှာစာကောက်နုတ်ချက် ။ ။ ဒီစာအုပ်ကတော့ အချိန်အကြာကြီး ယူခဲ့ရတဲ့ စာအုပ် ဖြစ်ပါတယ်။ ရေးတဲ့အချိန် ဆိုတာထက် ဒီစာအုပ်ကို ရေးသင့် မရေးသင့်ကို စဉ်းစားရတဲ့ အချိန်ကို ပြောတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က ကွန်ပျူတာအကြောင်းတွေကိုပဲ ရေးခဲ့တာလေ။ အဲ့ဒီအပြင် ဒီစာအုပ် မတိုင်ခင်က Facebook စာအုပ် ထုတ်တဲ့အပေါ် ကျွန်တော့်ရဲ့ စာဖတ်ပရိသတ် တချို့က ဘာလို့ ဒီစာအုပ်ကြီး ထုတ်တာလဲ ဆိုတာမျိုးကိုလဲ ကျွန်တော် ကြားရတယ်ဗျ။ ကျွန်တော်က ကွန်ပျူတာထဲမှာမှ Network ပိုင်းတွေကိုလည်း ဖိရေးနေတော့ သူတို့တွေအနေနဲ့က ကျွန်တော့်ကို နည်းပညာဆန်ဆန်တွေ ပိုရေးစေချင်ပုံ ပေါ်တယ်လေ။ ဒါကို ကျွန်တော် နားလည်ပါတယ်။ သို့ပေသိ ဒီကနေ့ခေတ်က Customer ကို Focus လုပ်ရမယ့် ခေတ်ဗျ။ သူတို့ ဘာလိုအပ်လဲ သူတို့ လိုအပ်တာကို ကျွန်တော့်အနေနဲ့ ပေးဖို့ လိုအပ်တယ်လို့ ထင်မိတယ်လေ။ အဲ့ဒီလို ထင်မိသွားတဲ့ အချိန်မှာပဲ ဒီစာအုပ်ကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တာပါပဲ။