ကိုယ်ပျောက်စစ်သား

ဦးကျော်တင့်

600 Kyats ကျပ်
ခုမှ ရည်းစားထားဖူးတဲ့သူတွေ ကိုယ့်ချစ်သူနဲ့ တွေ့တာထက် ပိုမြန်တဲ့ ရင်ခုန်သံမျိုးကို ခံစားချင်လား ? ရိုလာကိုစတာစီးပြီး ဘုရားတရတဲ့ ဖီလင်မျိုး ခံစားချင်လား ? အဲ့ဒါတွေထက် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရသခံစားမှုကို တို့ထိချင်တယ်ဆိုရင် အခုမိတ်ဆက်လိုက်တဲ့ ‘ကိုယ်ပျောက်စစ်သား’ ကို ဖတ်ကြည့်လိုက်! စွန့်စားခန်းဆိုတာဘာလဲ ၊ သည်းထိတ်ရင်ဖိုဆိုတာ မင်းသားနာမည်လား ၊ လျှို့ဝှက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ … ဖတ်လို့အရမ်းကောင်းတဲ့ စာအုပ်ပါ။ ဒီစာအုပ်ဟာ စစ်ကြီးအတွင်းက ဂျာမန်သူလျှိုတစ်ဦးအကြောင်းကို ရေးထားတဲ့ အတ္ထုပ္ပတ္တိစာအုပ်ဗျ။ အမေရိကန်ထဲမှာ သူ့ရဲ့ ဂျာမန်အစိုးရအတွက် ဘယ်လိုတွေ စွန့်စားခဲ့ရတယ်။ သေမင်းနဲ့ တူတူပုန်းတမ်း ဘယ်လိုကစားခဲ့တယ် ဆိုတာတွေကို အသည်းတအေးအေး ဖတ်ရလိမ့်မယ်။ တကယ်တော့ဗျာ၊ ဂျာမန်ဆိုရင် သိတဲ့အတိုင်း … စေ့စပ်တယ်၊ ရည်ရွယ်ချက်ကြီးတယ်၊ လျှို့ဝှက်တယ်၊ ပြီးတော့ ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး သူလျှိုတွေဟာ ဂျာမန်တွေပဲ။ အခု အဲ့ဒီအကြောင်းကို စာဖတ်သူတို့ မျက်ဝါးထင်ထင် မြင်ရလိမ့်မယ်။ ကြွေလွန်းလို့ ကိုယ်ပါ သူလျှိုလုပ်ချင်စိတ် ပေါက်သွားမယ် ဟဲဟဲ … ။