မြန်မာ့ပြည်လေကြောင်းတိုက်ပွဲ

ဦးလှဝင်း(လေသူရဲတစ်ဦး)

600 Kyats ကျပ်
လေသူရဲတစ်ဦး ဖြစ်ခဲ့တဲ့ ဦးလှဝင်းဟာ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ လေသူရဲဘဝ အတွေ့အကြုံ အဖြစ်အပျက်တွေကို လွမ်းဆွတ်မိတာကြောင့် အလွမ်းပြေအဖြစ် လေသူရဲဝတ္ထုတို စုစည်းမှုအဖြစ် ဒီစာအုပ်လေးကို ရေးသားပြီး စာဖတ်သူတွေလက်ထဲ ပေးပို့ခဲ့ပါတယ်။ ဒီစာအုပ်မှာ လေကြောင်းဝတ္ထုတို (၂၂) ပုဒ် ပါဝင်ပြီး ပင်ကိုရေး (၃) ပုဒ်ကတော့ ဦးလှဝင်းရဲ့ ကိုယ်တွေ့ လေသူရဲဝတ္ထုတိုတွေ ဖြစ်ပါတယ်။ ကျန် (၁၉) ပုဒ်ကတော့ နိုင်ငံတကာ လေကြောင်းတိုက်ပွဲ စွန့်စားခန်း ဝတ္ထုတိုတွေကို ဘာသာပြန်ဆို ရေးသားထည့်သွင်းထားတာမို့ ရသစုံစုံလင်လင် ခံစားဖတ်ရှုကြရမယ့် စာအုပ်လေးပါပဲ။ ကဲ၊ ဒါဆိုရင် …. ဒီနေ့ပဲ၊ ဦးလှဝင်း (လေသူရဲတစ်ဦး) ရေးသားတဲ့ ကိုယ်တွေ့ လေကြောင်းတိုက်ပွဲ စွန့်စားခန်း (ပင်ကိုရေး+ဘာသာပြန်) ဝတ္ထုတိုကောင်းကောင်းတွေကို အရသာရှိရှိနဲ့ ကိုယ်တိုင် တိုက်ပွဲဝင်နေသလို ဖတ်ရှု ခံစားရမှာမို့ အခုပဲ ဒီစာအုပ်ကို ဝန်ဇင်းမှာ ဖတ်ရှုလိုက်ပါ။