လူအများသိသင့်သည့် ခေတ်ပေါ်ကျန်းမာရေး အခြေအနေများ

ဦးလှမြင့်(ဂန္ဓမာ)

600 Kyats ကျပ်
ဒီစာအုပ်ကတော့ စာအုပ်အမည် ခေါင်းစီးတိုင်းပါပဲ။ လူအများသိသင့်တဲ့ ခေတ်ပေါ်ကျန်းမာရေး အခြေအနေတွေကို ကျန်းမာရေး ဗဟုသုတအနေနဲ့ရော၊ လက်တွေ့အသုံးချ ကျန်းမာရေး စောင့်ရှောက်ကာကွယ် ကုသမှုနည်းနာများအနေနဲ့ရော လမ်းညွှန် ဖော်ပြပေးထားတာပါ။ စာရေးသူဟာ ဆေးသုတေသနဦးစီးဌာနရဲ့ အောက်မြန်မာပြည်၊ စာစောင်ထုတ်ပြန်ရေးဌာနခွဲရဲ့ တာဝန်ခံဌာနမှူးအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သူပါ။ ဒီစာအုပ်ပါ လမ်းညွှန်ဖော်ပြချက်တွေဟာ အပတ်စဉ်ထုတ်၊ လစဉ်ထုတ် စာစောင်တွေမှာ ရေးခဲ့တဲ့ ဆောင်းပါးတွေကို ပြန်လည်စုစည်းဖော်ပြထားတာမို့ ကျန်းမာရေးဟင်းလေးအိုးကြီးလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အလှအပဆိုင်ရာ ကျန်းမာရေးထိန်းသိမ်းမှုတွေကနေ သားအိမ်ခေါင်းကင်ဆာလို ရောဂါမျိုးအထိကို ရှာဖွေတင်ပြ စုစည်းထားတာကြောင့် အမျိုးသမီးများအနေနဲ့ မဖြစ်မနေ လေ့လာကြရမယ့် စာအုပ်မျိုးပဲ ဖြစ်ပါတယ်။