မေတ္တာ ... နံနက်ခင်း

ဦးဘုန်း(ဓာတု)မန္တလေး

800 Kyats ကျပ်
ရိုးသားမှု မရှိခြင်းဟာ မေတ္တာကင်းမဲ့ခြင်း တမျိုးပါပဲ။ ဆိုဆုံးမရ ခက်တာ၊ စိတ်ထား ကြမ်းတမ်းတာနဲ့ မာန လွန်ကဲတာတွေဟာ မေတ္တာရဲ့ ဆန့်ကျင်ဘက် စိတ်နေစိတ်ထားတွေပါပဲ။ ရောင့်ရဲတင်းတိမ်မှု မရှိသူတွေ၊ လူတကာကို အပူပေးနေသူ၊ ကိုယ့်အလုပ်ကို စိတ်ဝင်စားခြင်း မရှိ၊ ဟန်လုပ်တတ်သူ တို့ကရော လောကကြီး အပေါ်မှာ ဘယ်လို မေတ္တာထားလို့ ရနိုင်မှာလဲ။ ကိုယ့်စိတ် ကိုယ်မှ ထိန်းကျောင်းနိုင်စွမ်း မရှိ၊ နေရာတကာမှ စဉ်းစားဆင်ခြင်မှုနဲ့ အလုပ်မလုပ်ဘဲ တဇွတ်ထိုး လုပ်၊ စရိုက်ကြမ်းသူတွေကရော ဘယ်လိုလုပ် မေတ္တာရှင်ကြီးတွေ ဖြစ်နိုင်မှာလဲ။ မေတ္တာနဲ့ ပတ်သက်သမျှ စဉ်းစား ဆင်ခြင်စရာတွေ၊ ကိုယ့် ပတ်ဝန်းကျင်က လူတွေနဲ့ ယှဉ်ပြီး သုံးသပ်စရာတွေကို ဦးဘုန်းက ဒီစာအုပ်ထဲမှာ တွေးပြထားပါတယ်။