ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ

ဦးပုကလေး

600 Kyats ကျပ်
ဒီစာအုပ်ကို လူတိုင်း မဖြစ်မနေ ဖတ်ထားသင့်တယ်လို့ ဦးဆုံး ပြောချင်ပါတယ်။ ရှေးဝံသာနုခေတ်ကတည်းက စလို့ သတင်းထောက်လုပ်ခဲ့သူ သမိုင်းအစဉ်အလာကြီးမားတဲ့ ဝါရင့်သတင်းစာဆရာကြီး ဦးပုကလေး (သူရိယဦးပုကလေး) က ရေးသား ပြုစုထားတာ ဖြစ်ပြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဝံသာနုခေတ်ကို မီလိုက်သူ ဦးပုကလေးနဲ့ ခရီးသွားရင်း ဝံသာနုခေတ် နိုင်ငံရေးအကြောင်း မေးမြန်းဆည်းပူးခဲ့တဲ့ အချိန်ကာလ အဖြစ်အပျက်တွေကိုလည်း မြင်တွေ့ရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်ကိုသဘာဝစိတ်က ဘယ်လိုရှိသလဲ ? ဗိုလ်ချုပ်ရဲ့ အပြောအဆို အနေအထိုင်တို့ကို အမှန်အတိုင်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်တွေ့ရမယ့်အပြင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် ဗိုလ်ချုပ်ရဲ့ ရုပ်ပုံလွှာ နဲ့ သာမန်လူတစ်ဦးအဖြစ် ဗိုလ်ချုပ်ရဲ့ စိတ်နေသဘာဝကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရှိရမှာပါ။