နှလုံးသားနှင့်ကြည့်ပါ

ဦးတင်ဦး(ကျူရှင်)

600 Kyats ကျပ်
လောကမှာ လောဘ၊ဒေါသ၊မာန စသောတရားများကို မသိမ်းနိုင်ရင် ရှက်စရာအမှုများကို ပြုမိပြီးသား ဖြစ်နေတတ်ပါတယ်။ လူတို့သည် တစ်ခုခုကို လိုချင်တပ်မက်မိ၊ ရယူချင်မိသော လောဘစိတ်ကြောင့် ရှက်ရမည့်ဘေးကို မတွေးမိ၊မကြောက်မိခြင်းလည်း ဖြစ်တတ်တယ်။ ထို့အတူ ဒေါသ ၊မောဟ ၊မာန စိတ်များလည်း ပါလာပြီး ရှက်စရာအမှုများ၊ ကြောက်စရာအမှုများကို သတိလက်လွတ်ပြုမိတတ်ကြပါတယ်။ ထို့ကြောင့် နေ့စဉ်ကိုယ်ပြုသည့် ကိုယ်၊နှုတ်၊စိတ်၊ကံ တွေကောင်းအောင် သတိထားနေကြရပါမည်။ ကောင်းတာ လုပ်ရင်း မကောင်းသောအတွေ့အကြုံ၊၊မကောင်းသောဖြစ်ရပ်များနဲ့ ကြုံလာသည်ဆိုလျှင် ရှေးကပြုခဲ့သော မကောင်းသောဒဏ်ခံရသည်ဟု သတ်မှတ်ကာ ဥာဏ်မစောင်းအောင်သတိထားရပါမည်။ ထို့ကြောင့် ယခုကောင်းမှ နောင်ကောင်းမည်။ နောင်ကောင်းဖို့ ယခုကောင်းအောင်ကြိုးစားရမည်။ နှလုံးသားလှမှ စိတ်ထားလှတာဆိုသလို စိတ်ထားလှမှ နှလုံးသားလှတာပါ။ ဒါကြောင့်ဆရာဦးတင်ဦး(ကျူရှင်)ရေးသားထားသော "နှလုံးသားနှင့်ကြည့်ပါ" ဆောင်ပါးလေးပေါင်းချုပ် စာအုပ်လေးကို စာပေချစ်သူတို့ နှလုံးသားလှစေဖို့ စေတနာအရင်းခံပြီး သတင်းကောင်းပါးလိုက်ပါတယ်ရှင်။