ကဗျာအတတ်သင်

ဥယျာဉ်မှူးသော်ဇင်

600 Kyats ကျပ်
မြန်မာစာပေမှာ ကဗျာလင်္ကာက အရေးပါတဲ့ ကဏ္ဍမှာရှိပါတယ်။ စာပေဖွံ့ဖြိုးတိုးတက်ဖို့ ခေတ်အဆက်အဆက် လက်ဆင့်ကမ်းခဲ့ကြတာလည်း ကဗျာလင်္ကာတွေကိုပါပဲ။ ဒါပေမဲ့၊ ဒီနေ့ခေတ်မှာ အဲဒါတွေကို လေ့လာမှု အားနည်းနေကြပါတယ်။ ဒီစာအုပ်ထဲမှာ ကဗျာလင်္ကာ စပြီးပေါ်ပေါက်လာတာကို သေချာရှင်းပြထားပါတယ်။ တေးဂီတပမာ ချိုသာငြိမ့်ညောင်းအောင် စီကုံးထားတဲ့တာကို ကဗျာလင်္ကာလို့ခေါ်ပုံကနေအစပြုလို့ အရေးအသားပေါ်ထွန်းလာပုံ စပ်ပုံ၊ ဟပ်ပုံ၊ အနက်အဓိပ္ပါယ် အစရှိတာတွေကို သေသေချာချာရှင်းလင်းတင်ပြထားလို့ တကယ်ကိုတန်ဖိုးရှိတဲ့စာအုပ်ပါပဲ။