ပြုံးရွှင်သည် ငိုတတ်သည်

အကြည်တော်

1000 Kyats ကျပ်
ဝတ္ထု စ,စချင်းဟာ ဇာတ်ခုံပေါ်က ပြက်လုံးတွေနဲ့။ ပရိသတ်ကို ပျော်ရွှင်အောင် ဖျော်ဖြေနေတဲ့ လူရွှင်တော်ပြုံးရွှင်ရဲ့ နောက်ကွယ်မှာတော့ စိုးရိမ် သောကတွေ။ ဇာတ်ခုံနောက်မှာတော့ ချစ်ဇနီး ခင်မြရီလေးဟာ မီးဖွားတော့မယ့် ဆဲဆဲပေါ့။ သမီးလေး မွေးဖွားလို့ ပြုံးရွှင်ဟာ ဝမ်းသာပီတိဖြာ အပျော်ကြီး ပျော်နေပေမယ့် မီးဖွားပြီးပြီးချင်း သိပ်မကနိုင်ရှာတဲ့ ခင်မြရီလေးကိုတော့ ဇာတ်ခေါင်းက မကြည်ဖြူ။ ကံကြမ္မာ ထိုးနှက်ချက်က၊ ခင်မြရီလေးကို ခြေနှစ်ဖက်စလုံး လှုပ်မရဘဲ လေဖြတ်သွားစေတယ်။ ဒုက္ခိတကို ဇာတ်အဖွဲ့ထဲ မထားချင်ကြတဲ့ အခါမှာတော့ - >> ဇာတ်ထဲကနေ အနားယူမလား >> ကလေးနဲ့ မိန်းမကို အိမ်ပြန်ပို့မလား နေမလုံ မိုးမလုံ တဲအိမ်စုတ်မှာ နေရတဲ့ ဆင်းရဲသားတယောက် ပြုံးရွှင်အဖို့ အိမ်ထောင့်တာဝန် ဘယ်လောက်လေးမယ်ဆိုတာ မှန်းသာကြည့်ပေတော့။ ဇာတ်မကရပေမယ့် သူ့ မိန်းမနဲ့ ကလေးကို ရအောင် လုပ်ကျွေးမယ်တဲ့။ ပြုံးရွှင်တို့ မိသားစုဟာ ဇာတ်အဖွဲ့ထဲကနေ ထွက်လာခဲ့တယ်။ >> မိန်းမက လေဖြတ် >> ကလေးငယ်က လသား “တွေ့လားသမီး၊ မင်းအဖေ လူရွှင်တော်မို့ သမီးတို့ ထမင်းမငတ်တာ၊ မင်းအဖေ လူရွှင်တော်မို့ကွ” ဆိုတဲ့ ကြုံးဝါးစကားသံနဲ့ ပြုံးရွှင်ဟာ ဘဝကို ဖြတ်သန်းတဲ့အခါ … လူရွှင်တော်တယောက်ရဲ့ မျက်နှာကနေ မျက်ရည်တွေ ဘယ်လောက်ထိ စီးကျနိုင်မလဲ ? သူ့ရဲ့ ပြက်လုံးတွေက လောကဒဏ်ကို ခံနိုင်ရည် ရှိပါ့မလား ? ဇာတ်သဘင်လောကထဲက ပြုံးရွှင် ဆိုတဲ့ လူရွှင်တော် တယောက်ရဲ့ ဘဝဇာတ်လမ်းဟာ စာဖတ်သူရဲ့ နှလုံးသားကို ဘယ်အတိုင်းအတာထိ ရိုက်ခတ်သွားစေနိုင်မလဲ ဆိုတာကတော့ …