နေတစ်ခြမ်း လတစ်ခြမ်း

အကြည်တော်

1000 Kyats ကျပ်
ဒီစာအုပ်ကိုတကယ်တော့ ထွေထွေထူးထူး ညွှန်းစရာလိုမယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာအကြည်တော်ရဲ့ နာမည်ကြီး စာအုပ်တွေထဲကတစ်အုပ်။ စာအုပ်တုန်းကလည်း ဝက်ဝက်ကွဲအောင်မြင်တယ်။ ရုပ်ရှင်ရိုက်တော့လည်း ပရိသတ်အားပေးမှု အပြည့်အဝရတယ်။ ဇာတ်လမ်းထဲမှာ ကျော်ထက်ဆိုတဲ့ ကောင်လေးနဲ့ ညီမင်းညိုဆိုတဲ့ ကောင်လေးတို့နှစ်ယောက်အကြောင်းကိုစဖတ်ရမှာ။ သူတို့နှစ်ယောက်က လဝန်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်မိပြီး အဆုံးသတ်မကောင်းခဲ့ဘူး။ အဲဒီနောက်ပိုင်း သူတို့နှစ်ယောက် သစ္စာမရှိတဲ့ မိန်းမတွေကို လက်စားချေမယ်ဆိုပြီး မိန်းကလေးတွေကို လိုက်ပြီးအသဲခွဲပါတော့တယ်။ သူတို့တကယ်ချစ်တဲ့သူတွေ မတွေ့ခင်အထိပေါ့လေ။ ဒီစာအုပ်က ဖတ်နေရင်း တခွိခွိရယ်နေရသလို၊ လွမ်းစရာလေးတွေလည်းပါပါတယ်။ ရုပ်ရှင်လည်းအရသာတစ်မျိုး၊ စာအုပ်လည်းအရသာတစ်မျိုးခံစားရမှာမို့ ဖတ်ကြပါဦး။