Sexy Pose

အကြည်တော်

1000 Kyats ကျပ်
ကျွန်တော်လည်း တစ်သက်လုံး ကံမကောင်းလာခဲ့သမျှ ဒီတစ်ခါတော့ ကောင်းပြီဟဲ့ဆိုပြီး အပြေးသွားလိုက်တယ်။ အနားရောက်တော့မှ "ခရစ်စတယ်လား" သူကလှည့်ကြည့်ပြီး "ဂျွန်နသန်နော်" ၊ ဘယ်ရမလဲ ကိုယ်ကလဲ တောသားမှန်းသိရင် အလိမ်ခံရမှာစိုးလို့ ဆံပင်အရှည်ထားရင်း ဂေါ်လီဖြစ်လာခဲ့တဲ့ကောင်ပဲ၊ဒီလောက်တော့ နပ်တာပေါ့။တစ်ယောက်ကို တစ်ယောက် အကဲခတ်ကြည့်တယ်၊ အတော်လေးကို မဆိုးဘူး၊ သူသာ သည်းခံပေါင်းနိုင်ရင် တစ်ပတ်လောက် အရင်ပေါင်း၊ တစ်ပတ်ပေါင်းပြီးလို့ အဆင်ပြေမှ ရက်ရှည်ထပ်ပေါင်း၊ တစ်ပတ် အတွင်း အဆင်မပြေရင် ပါးနားရိုက်ပြီး မောင်းချတယ်၊ တခွန်းမပြောနိုင်ရမယ့် ရုပ်ကလေးဗျ။ ဒီစာအုပ်ကလည်း ဟာသစာရေးဆရာ အကြည်တော်ရဲ့ လက်ရာကောင်းတွေထဲက တစ်ခုပါပဲ။ စာအုပ် နာမည်က Sexy Post တဲ့၊ အင်တာနက်သုံးရင်း သိတဲ့ကောင်မလေး တစ်ယောက်ကို အပြင်မှာ ချိန်းတွေ့ရင်း ဖြစ်လာရတဲ့အလွဲတွေကို ဟာသမြောက်အောင် ရေးထားတဲ့ စာအုပ်ကလေးပဲပေါ့။ ထုံးစံအတိုင်း ဘယ်လိုအလွဲတွေကိုဖတ်ပြီး ခွီကြရမလဲ ဆိုတာကိုတော့ စာဖတ်သူတွေပဲ ကိုယ်တိုင် ဖတ်ကြည့်လိုက်ကြပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်။