ဂျစ်ပစီမှော်ဆရာ

အဲမွန်တာရာ

600 Kyats ကျပ်
ဇာတ်အိမ်၊ ဇာတ်ကွက် ဆန်းဆန်းလေးတွေကို ဖန်တီးတဲ့ ဒီနေ့ခေတ် စာရေးဆရာတွေကို ပြောပါဆိုရင် အဲမွန်တာရာဆိုတာ မပါမဖြစ်ပါ။ သူရေးခဲ့တဲ့ သို့ကလို ခပ်ဆန်းဆန်းလေးတွေကို ပရိတ်သတ် စွဲလန်း နှစ်ခြိုက်ကြတာကိုလည်း အထူးပြောစရာ မလိုလောက်ပါဘူး။ အခုလည်း “ဂျစ်ပစီမှော်ဆရာ” ဆိုတဲ့ အမည်နဲ့ အဲမွန်တာရာရဲ့ အတွဲအစပ်ဖန်တီးချက်လေးက ပရိတ်သတ်စွဲလောက်စေမှာ သေချာပါတယ်။ ခေတ်လွန် သိပ္ပံရုပ်ရှင်တစ်ကားကြည့်ရင်း တဆက်တည်းမှာပဲ လောကီပညာပြိုင်ခန်းတွေနဲ့ သဘာဝလွန် စွမ်းအားရှင်တစ်ကားကို ကြည့်ရသလို ခံစားမှုမျိုးကို ပေးပါလိမ့်မယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး လိုလားတောင့်တနေတဲ့ ကမ္ဘာကြီးမှာ စစ်မက်ဖက်ပြိုင်ခဲ့ကြတဲ့ ရန်သူတော် နှစ်နိုင်ငံမျိုးနွယ်စုထဲက မတူညီတဲ့ တစ်မျိုးနွယ်စီကလာတဲ့ သူရိန်နဲ့ စန္ဒာ ဆိုတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မေတ္တာကိုလည်း လှိုက်လှိုက်လှဲလှဲ ခံစားရပါလိမ့်မယ်။