အနောက်တောင် မုတ်သုန်လေ

အရောင်မဲ့

500 Kyats ကျပ်
❤ မဖြစ်နိုင်တဲ့အချစ်တစ်ခုကို ပိုင်ဆိုင်ဖို့စိတ်ကူးရင်း လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်ခဲ့ဖူးကြပါသလား။ ချစ်ဖူးတယ်ဆိုရင်တော့ ဒီဝတ္ထုနဲ့ ရင်ဘတ်ချင်းနီးစပ်နေမှာပါ။ ဇာတ်လမ်းထဲမှာ သော်တာအောင်ဆိုတဲ့ ကောင်လေးက လူတစ်ယောက်ကို ပိုင်ဆိုင်ဖို့ စိတ်ကူးတွေနဲ့ စွဲစွဲလမ်းလမ်းချစ်မိတယ်။ ငယ်ရွယ်သူတွေရဲ့ စိတ်ခံစားချက်အတိုင်း ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ မပြည့်မြောက်တဲ့အခါ အရာအားလုံးကို အပြစ်မြင်ဖူးပေမယ့် အသက်အရွယ်ကြီးလာတဲ့အမျှ ရင့်ကျက်လာတဲ့အခါ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမှန်း နားလည်လာတဲ့ သော်တာအောင်။ ❤ ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်မိသူတွေရဲ့ စိတ်ခံစားချက်အရ ကိုယ်သာပိုချစ်သူ၊ ကိုယ်သာ ပိုခံစားရသူ၊ ကိုယ်သာပေးဆပ်ခဲ့သူလို့ထင်မှတ်ခဲ့ပြီး တကယ်တမ်း အခြားသူရဲ့အချစ်နဲ့ ယှဉ်တဲ့အခါ ကိုယ့်အချစ်က မြူမှုန်လောက်တောင်မရှိမှန်း သိသွားခဲ့တဲ့ သော်တာအောင်။ ❤ ဒီစာအုပ်က သူ့ရဲ့နှလုံးသားရေးရာကို အခြေပြုဖန်တီးထားတာပါ။ တကယ်ကိုကောင်းတဲ့ LGBT အချစ်ဇာတ်လမ်းလေးဖြစ်ပြီး ဇာတ်လမ်းကို လက်တွေ့ဘဝက Gay Couple တွေ ကြုံတွေ့ရရတတ်တဲ့ အခက်အခဲလေးတွေကို အတိတ်နဲ့ ပစ္စုပ္ပန်ရောယှက်ပြီး ရေးသားဖန်တီးထားတော့ ပိုပြီးတော့ ဖတ်လို့ကောင်းသွားတာပေါ့။